ပြီးခဲ့တဲ့နှစ်ထိုင်းလိုဏ်ဂူကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထိုင်းရေတပ်ရဲ့တပ်ကြပ်တစ်ဦးသေဆုံး

yyl-035-9.jpg

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လိုဏ်ဂူအတွင်းပိတ်မိခဲ့တဲ့ ဘောလုံးအသင်းနည်းပြနဲ့ကလေး (၁၂) ဦးကို ကြိုးစားပမ်းစားကယ်တင်ခဲ့ရတာကို စာဖတ်ပရိသတ်တွေမှတ်မိကြမယ်ထင်ပါတယ်။ အဲဒီကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထိုင်းရေတပ်ရဲ့တပ်ကြပ်ကြီးဟာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရရှိခဲ့တဲ့ သွေးအဆိပ်သင့်ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က တော်ဝင်ထိုင်းရေတပ်ရဲ့ပြောစကားအရသိရပါတယ်။

တပ်ကြပ်ကြီး ဘိုင်ရတ် ဘူရီရက်ခ် (Beiret Bureerak) ဟာ ရောဂါကုသမှုခံယူနေခဲ့ပေမဲ့ သူ့ရဲ့ရောဂါအခြေအနေက ပိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကယ်ဆယ်ရေးအတွင်းမှာ ဒုတိယတပ်မှူး ဆာမန် ကူမန် (Saman Kuman) လည်း သေဆုံးခဲ့ပါတယ်။ တပ်ကြပ်ကြီး ဘိုင်ရတ်ဟာဆိုရင် အဲဒီကယ်ဆယ်ရေးကြောင့် သေဆုံးခဲ့တဲ့ ဒုတိယမြောက်တစ်ယောက်ဖြစ်ပါတယ်။ တပ်ကြပ်ကြီးဘိုင်ရတ်က အဲဒီကယ်ဆယ်ရေးပြီးကတည်းက ရောဂါခံစားခဲ့ရပြီး ဆေးရုံခဏခဏ တက်ခဲ့ရတယ်လို့ သူ့မိခင်ရဲ့ပြောစကားအရသိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဒီကယ်ဆယ်ရေးကို လူအများစိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ရတာဖြစ်ါပါတယ်။ Wild Boars Academy ရဲ့နည်းပြ အက်ကာပေါ ချန်သာဝန် (Ekapol Chanthawong) နဲ့ ကလေး (၁၂) ဦးတို့ဟာ ၂၀၁၈ခုနှစ် ဇွန်လ (၂၃) ရက်က မိုးရာသီတောင်ကျရေကျလာခဲ့တဲ့အချိန်မှာ Tham Luangလိုဏ်ဂူကို သွားရောက်ခဲ့တာကြောင့် ပိတ်မိနေခဲ့ပါတယ်။ သူတို့အဖွဲ့ကို ရေတတ်နေတဲ့ကြားကနေ ရှာဖွေကယ်တင်ဖို့အတွက် ထိုင်းရေတပ်အဖွဲ့က (၉) ရက်အချိန်ယူခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးသမားတွေလည်း ဒီကယ်ဆယ်ရေးမှာပါဝင်ခဲ့ကြပြီး ကလေး (၁၂)ဦးနဲ့ နည်းပြတို့ကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Ref: Thai navy SEAL who took part in cave rescue dies after year-long infection

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top