28-10-2020-yyl-016.jpg

ပြင်သစ်ဘုရားကျောင်းမှာ လူ ၃ ယောက်ကို သတ်ခဲ့သူဟာ မကြာခင်ကမှ တူနီးရှားကနေ ရောက်လာသူဖြစ်

ပြင်သစ်နိုင်ငံ ခရစ်ယာန်ဘုရားကျောင်းမှာ လူ ၃ ယောက်ကို သတ်ခဲ့တဲ့ တူနီးရှားအမျိုးသားဟာ မကြာသေးခင်ကမှ ဥရောပကို ရောက်ရှိလာခဲ့သူဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ အရာရှိတွေက ပြောပါတယ်။ သံသယရှိသူဟာ အသက် ၂၁ နှစ်ရှိပြီး ဘရာဟင်လို့ အမည်ရပါတယ်။ သူဟာ…

27-10-2020-yyl-025.jpg

တရုတ်နိုင်ငံနဲ့ နယ်စပ်အရေး တင်းမာနေချိန်မှာ အိန္ဒိယနဲ့ အမေရိကန်တို့ အရေးကြီးကာကွယ်ရေးစာချုပ် ချုပ်ဆို

တရုတ်နိုင်ငံနဲ့ နယ်စပ်အရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံကြား ထိလွယ်ရှလွယ်တဲ့ ဂြိုဟ်တုသတင်းအချက်အလက်တွေ ဝေမျှဖို့ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဂြိုဟ်တုသတင်းအချက်အလက်တွေ ရရှိမှုဟာ ဒုံးကျည်တွေ၊ မောင်းသူမဲ့ယာဉ်တွေနဲ့ တခြားတိကျတဲ့ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ဖို့ အရေးပါတယ်လို့ သတ်မှတ်ထားကြပါတယ်။…

24-10-2020-yyl-042.jpg

Stay Home ကာလ ညစ်ညူးစရာ အတွေးစများ

ကိုဗစ်ကြောင့် Stay Home နေရချိန်က တစ်လကျော်၊ နှစ်လကျော် ဖြစ်လာလို့ အနည်းနဲ့အများတော့ မွန်းကျပ်မိတယ်။ တစ်နေ့တစ်နေ့ လူနာသစ်တွေ့ရှိမှုကလည်း ၁၃၀၀ ဝန်းကျင်လောက်က မကျသေးဘူး။ ရန်ကုန်မှာ ကိုဗစ်ထိန်းနိုင်ပြီဆိုပေမဲ့ တစ်နေ့တာ လူနာသစ်တွေထဲမှာ ရန်ကုန်က ၉၀၀၊…

yutube.jpg

မြန်မာ့ဆေးမင်ကြောင်ထိုးချင်နေတဲ့ လက်ဝှေ့ချန်ပီယံ တက်တူးပညာရှင် “အန်တိုနီယိုဖာရာ”

ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို အနိုင်ရရေးက သူ့ရည်မှန်းချက်ဖြစ်ပေမဲ့ စတူဒီယိုခန်းထဲ ရောက်သွားရင်တော့ အိုင်ဒီယာဆန်းတဲ့ တက်တူးတွေ ရေးနိုင်ဖို့ တွေးနေတတ်သူ၊ ဒီတစ်ခါ မြန်မာနိုင်ငံကို ရောက်ရင် မြန်မာ့ရိုးရာဆေးမင်ကြောင်တစ်ပုံလောက် ထိုးမယ်လို့ ရည်ရွယ်ထားသူ . . . သူကတော့…

uu-1.jpg

ဘောလုံးလောကထဲက “နိုင်ငံရေး” ရောယှက်ဆက်နွယ်မှုများ

ဒီအပတ် Sportvideo ကဏ္ဍရဲ့ ဘောလုံးလောကထဲက “နိုင်ငံရေး” ရောယှက်ဆက်နွယ်မှုများ အကြောင်းလေးကိုဒီ Video ထဲမှာ ကြည့်ရှုလိုက်ပါနော်..။ Nz ( ရိုးရာလေး )

23-10-2020-yyl-021.jpg

နေအိမ် ၂ သိန်းနီးပါး ရေဖုံးလွှမ်းခဲ့တဲ့ ဗီယက်နမ်ရေဘေး

ဗီယက်နမ်နိုင်ငံမှာတော့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကနေ နလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ ဆိုးရွားလွန်းတဲ့ ရေဘေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရေကြီးရေလျှံမှုကြောင့် ရေဖုံးလွှမ်းခဲ့တဲ့ နေအိမ် ၁၇၈၀၀၀ ကျော်ရှိပြီးသေဆုံး ဒါမှမဟုတ်…

23-10-2020-yyl-017.jpg

တရုတ် (တိုင်ပေ)ကို ကန်ဒေါ်လာ ၁.၈ ဘီလျံတန် စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ အတည်ပြုပေးလိုက်ပါပြီ။ ဒီလုပ်ရပ်က တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အရင်ကထက်ပိုပြီး တရုတ်(တိုင်ပေ)ထံ စစ်လက်နက်ပစ္စည်းတွေ…

23-10-2020-yyl-013.jpg

အာမေးနီးယား-အဇာဘိုင်ဂျန်တိုက်ပွဲမှာ လူ ၅၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ရုရှားသမ္မတ ပူတင် ပြော

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နာဂါနို-ကရာဘတ်ဒေသမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားလို့ လူ ၅၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ဒါဟာ နှစ်ဖက်လုံးက တရားဝင် ထုတ်ပြန်ထားတဲ့ သေဆုံးသူစာရင်းထက် ၅ ဆလောက်…

22-10-2020-yyl-037.jpg

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မတားဆီးနိုင်ခဲ့တဲ့နောက် လူစုလူဝေးမလုပ်ရ ဥပဒေကို ထိုင်းအစိုးရ ဖယ်ရှား

အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပေမဲ့ ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မတားဆီးနိုင်ခဲ့တဲ့နောက်မှာတော့ ထိုင်းအစိုးရက လူစုလူဝေးလုပ်ခွင့် ပိတ်ပင်ထားတာကို ဖယ်ရှားပေးလိုက်ရပါပြီ။ လူ ၄ ယောက်ထက် ပိုပြီး စုဝေးခွင့်မရှိ၊ ည ၆ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဘူးလို့ အမိန့် ထုတ်ပြန်ထားပေမဲ့…

22-10-2020-yyl-032.jpg

စပိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာ

စပိန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာခဲ့ပါပြီ။ ပုံမှာမြင်ရတာကတော့ ဗလင်စီယာမြို့မှာရှိတဲ့ ပါတာကိုနာကမ်းခြေမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူတွေကို ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်တဲ့အနေနဲ့ စပိန်အလံတွေ စိုက်ထူထားတာပါ။ စပိန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတစ်သန်းကျော်ရှိတဲ့ (၆) နိုင်ငံမြောက်ဖြစ်ပြီး…