စပိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာ

22-10-2020-yyl-032.jpg

စပိန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာခဲ့ပါပြီ။ ပုံမှာမြင်ရတာကတော့ ဗလင်စီယာမြို့မှာရှိတဲ့ ပါတာကိုနာကမ်းခြေမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူတွေကို ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်တဲ့အနေနဲ့ စပိန်အလံတွေ စိုက်ထူထားတာပါ။ စပိန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတစ်သန်းကျော်ရှိတဲ့ (၆) နိုင်ငံမြောက်ဖြစ်ပြီး အနောက်ဥရောပမှာတော့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ စပိန်နိုင်ငံမတိုင်ခင် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်းပြည့်မြောက်ခဲ့တာပါ။

ဇန်နဝါရီလ ၃၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့တဲ့ စပိန်နိုင်ငံဟာ အခုအချိန်မှာတော့ အတည်ပြုလူနာ ၁၀၀၅၂၉၅ ယောက် ရှိနေပြီး ၃၄၃၆၆ ယောက် သေဆုံးခဲ့ပါတယ်။ အခုလအစောပိုင်းက ဥရောပတိုက်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု တစ်ကျော့ပြန် မြင့်တက်လာခဲ့လို့ စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ နိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားမှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ မက်ဒရစ်မြို့ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့မယ့်ဆုံးဖြတ်ချက်ကို မက်ဒရစ်မြို့အာဏာပိုင်တွေက တရားရုံးမှာ ပယ်ဖျက်နိုင်ခဲ့ပေမဲ့ စပိန်ဗဟိုအစိုးရက မက်ဒရစ်မြို့မှာ ၁၅ ရက်ကြာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

Ref: BBC ” Coronavirus: Spain passes one million Covid-19 cases”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top