အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား

money.jpg

အသက် ၂၉ နှစ်အရွယ် မလေးရှားလူမျိုး အော်တစ်ဇင်ရောဂါသည်အမျိုးသားတစ်ဦးဟာ 102th Bank Simpanan Nasional (BSN) ရဲ့ Lucky Draw အစီအစဉ်မှာ စင်ကာပူဒေါ်လာ ၂၉၉ သိန်း ကံစမ်းမဲပေါက်ခဲ့ပါတယ်။ အနည်းဆုံး စင်ကာပူဒေါ်လာ ၈၉၉ သိန်းစုငွေရှိတဲ့ အသက် ၁၂ နှစ်နဲ့ အထက် BSN ကာစတန်မာတွေက ဒီLucky Draw အစီအစဉ်အတွက် အကျုံးဝင်ပါတယ်။

အာမီရူလ် ဟာကင်းဆိုတဲ့ အဲ့ဒီအမျိုးသားရဲ့မိဘတွေဟာ သူတို့ရဲ့သားဟာ အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တာဖြစ်ပေမဲ့ ဒီငွေစုဆောင်းမှုက ဒီလိုကြီးမားတဲ့ရလဒ်မျိုးရခဲ့မယ်လို့ စိတ်တောင်မကူးမိဘူးလို့ ပြောပါတယ်။ အစက သူ့မိဘတွေဟာ ဒီကံစမ်းမှုက လိမ်လည်မှုဖြစ်တယ်လို့ တွေးထင်ခဲ့တာပါ။ ဘဏ်ဝန်ထမ်းတွေဆီက ထပ်ခါထပ်ခါ အတည်ပြုချက်ယူခဲ့ရပါတယ်။ ဘဏ်ရဲ့ Website မှာ အမီရူလ်ရဲ့နာမည်ကို တွေ့တော့မှ သူတို့ယုံကြည်သွားကြတာပါ။

မွေးချင်းမောင်နှ ၇ ယောက်မှာ ၆ ယောက်မြောက်ဖြစ်တဲ့ အမီရူလ်က စကားမပြောတတ်ဘဲ တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ဖို့ အကူအညီလိုတာသူဖြစ်ပါတယ်။ မသန်စွမ်းသူတွေကို သင်ကြားပေးတဲ့ အထူးပညာရေးကို တက်ရောက်နေတာပါ။ ဘာမှ နားလည်သူမဟုတ်တဲ့အတွက် အမီရူလ်ရဲ့မိဘတွေက သူ့အနာဂတ်အတွက် Lucky Draw ပေါက်တဲ့ ငွေတွေကို သူ့အကောင့်ထဲမှာပဲ သိမ်းထားပေးမှာဖြစ်ပါတယ်။

Ref: Autistic Man Wins Nearly S$300K In Lucky Draw; Parents Initially Thought He’d Been Scammed

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply