အမေရိကန်နိုင်ငံမှာ မိုးသက်မုန်တိုင်းနဲ့ လေဆင်နှာမောင်း တိုက်ခတ်လို့ လူ ၇ ယောက် သေဆုံး

intlyyl06.jpg

အမေရိကန်နိုင်ငံမှာ မိုးသက်မုန်တိုင်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ အစောပိုင်းက တောင်ပိုင်းအုတ်ကလာဟိုးမားပြည်နယ်၊ တက္ကဆက်ပြည်နယ်နဲ့ လူဝီစီယားနားပြည်နယ်တွေမှာ ရာသီဥတုဆိုးရွားမှု ကြုံခဲ့လို့ လူဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။

မိုးသက်မုန်တိုင်းကျရောက်မယ့် လမ်းကြောင်းပေါ်မှာ လူသန်းပေါင်းများစွာ ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသတစ်ဝန်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့တဲ့ နေအိမ် ၁၀၀၀၀၀ ကျော် ရှိခဲ့ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top