ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့စေခဲ့တဲ့ စည်းဝေးပွဲလုပ်လို့ မွတ်စလင်ခေါင်းဆောင်ကို လူသေမှုဖြင့် စွဲချက်တင်

01intl.jpg

အိန္ဒိယနိုင်ငံရဲ့ မွတ်စလင် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဟာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့စေခဲ့တဲ့ စည်းဝေးပွဲလုပ်ခဲ့လို့ လူသေမှုဖြင့် စွဲချက်တင်ခံထားရပါတယ်။ တာဘလီဂီဂျာမတ်အဖွဲ့ ခေါင်းဆောင် ခန်ဒါဝီဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ စည်းဝေးပွဲ စလုပ်ခဲ့ပြီး အိန္ဒိယတစ်နိုင်ငံလုံး ပိတ်ဆို့မှု (Lockdown) လုပ်ခဲ့တဲ့ မတ်လ ၂၄ ရက်အထိ စည်းဝေးပွဲကို အဆုံးသတ်ခဲ့ခြင်းမရှိပါဘူး။ သက်ဆိုင်ရာက အစည်းအဝေးက အဆုံးသတ်ဖို့ ၂ ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့ပေမဲ့ သူတို့က ဂရုမစိုက်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီစည်းဝေးပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ COVID-19 ရောဂါပိုးရှိတဲ့ နိုင်ငံခြားသားတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကြောင့် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် ၁၇ ခုမှာ COVID-19 ကူးစက်မှု ၁၀၂၃ ခုအထိ ဖြစ်စေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ခန်ဒါဝီနဲ့ တာဘလီဂီဂျာမတ်အဖွဲ့ကတော့ အမှားအယွင်းတစ်စုံတရာ မလုပ်ခဲ့ဘူးလို့ ငြင်းထားပါတယ်။ ခန်ဒါဝီကို လူသတ်မှုမမြောက်တဲ့ လူသေမှုနဲ့ စွဲချက်တင်ထားလို့ သူ့အနေနဲ့ အာမခံလျှောက်လို့ မရပါဘူး။ အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၃၄၉၅ ယောက်ရှိပြီး သေဆုံးသူ ၄၄၈ ယောက် ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top