တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတာလို့ ဒေါ်နယ်ထရမ့် စွပ်စွဲ

30-4-2020-yyl-049-1.jpg

တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတာကို ဖော်ပြနေတဲ့ သက်သေအထောက်အထား တွေ့ရတယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ သုံးသပ်ချက်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရုံးကတော့ COVID-19 ရောဂါဟာ လူသားဖန်တီးထားတာ ဒါမှမဟုတ် မျိုးဗီဇမြင့်တင်ထားတဲ့ဗိုင်းရပ်စ် မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ပျံ့နှံ့ခဲ့တဲ့ COVID-19 ရောဂါကြောင့် ကမ္ဘာတဝန်းမှာ ကူးစက်ခံရသူ ၃ ဒသမ ၂ သန်းရှိနေပြီး လူ ၂၃၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ”ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဗိုင်းရပ်စ်သိပ္ပံဌာနကနေ စတင်ပေါ်ပေါက်လာတာလို့ စိတ်ချယုံကြည်စေတဲ့ သက်သေအထောက်အထားတစ်ခုခု ခင်ဗျား တွေ့ထားလား”လို့ သတင်းထောက်က မေးမြန်းရာမှာ ဒေါ်နယ်ထရမ့်က ” ဟုတ်တယ်။ အထောက်အထားရထားတယ်”လို့ ဖြေခဲ့ပြီး ” တရုတ်နိုင်ငံအတွက် လူထုဆက်ဆံရေးအေဂျင်စီတစ်ခုလို လုပ်ပေးနေတဲ့ WHO အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးရှက်သင့်တယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top