ကမ္ဘာ့ဖလားကို (၄) ကြိမ်မြောက်ဆွတ်ခူးခဲ့တဲ့ အမေရိကန်အမျိုးသမီးဘောလုံးအသင်း

66388986_2429303057112932_3942293203314540544_n.jpg

ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ Parc Olympique Lyonnais ဘောလုံးကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အမေရိကန်က ဟော်လန်ကို (၂) ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖလားကို (၄) ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။

ပွဲချိန် (၆၁) မိနစ်မှာ အမေရိကန်အသင်းခေါင်းဆောင် ရာပီနိုးက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး နောက် (၈) မိနစ်အကြာမှာပဲ ကွင်းလယ်လူ လာဗယ်လီက ဒုတိယဂိုးထပ်သွင်းခဲ့

ပွဲချိန် (၆၁) မိနစ်မှာ အမေရိကန်အသင်းခေါင်းဆောင် ရာပီနိုးက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး နောက် (၈) မိနစ်အကြာမှာပဲ ကွင်းလယ်လူ လာဗယ်လီက ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ အမေရိကန်အမျိုးသမီးအသင်းက တစ်ဘက်သတ်အသာစီးယူပြီး နိုင်ပွဲရယူခဲ့တာပါ။

အမေရိကန်အမျိုးသမီးအသင်းဟာ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်(၁၂) ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး (အမျိုးသား၊ အမျိုးသမီး) ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ နိုင်ပွဲဆက်မှုအများဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက် (၂၆) ဂိုးအထိ သွင်းယူခဲ့ပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအများဆုံးအသင်းဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲတစ်လျှောက် (၂၆) ဂိုးအထိ သွင်းယူခဲ့ပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအများဆုံးအသင်းဖြစ်

အမေရိကန်အမျိုးသမီးအသင်းဟာ ၁၉၉၁၊ ၁၉၉၉၊ ၂၀၁၅၊ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့ပြီး သူတို့ရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဂျာမနီအသင်းထက် ကမ္ဘာ့ဖလားရရှိမှု (၂)ကြိမ် ပိုများနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top