ထပ်တလဲလဲ ပြန်လည်အသုံးပြုနိုင်တဲ့ PET ပလတ်စတစ်ဗူးခွံများ

30.11.23-yyl-၇.jpg

PET ပလတ်စတစ်ဗူးခွံများကို တန်ဖိုးရှိတယ် သံတမန်ဆိုင်မှာ လဲလှယ်ပြီး Coca-Cola လက်ဆောင်ရယူပါ

အသုံးပြုပြီးသား PET ပလတ်စတစ်ဗူးခွံအလွတ်တွေကို လေလွင့်အမှိုက်ဖြစ်မသွားစေဖို့ အသစ်တဖန်ပြန်လည်ဖန်တီးခြင်းအားဖြင့် နောက်ထပ်ဗူးအသစ်များ သို့မဟုတ် ပစ္စည်းအသစ်များအဖြစ် ထပ်တလဲလဲ ပြန်လည်အသုံးပြုနိုင်ပါတယ်။

လေလွင့်အမှိုက်ကင်းစင် ကမ္ဘာတစ်ခွင်ဖြစ်စေဖို့ ရှေ့ဆက်လုပ်ဆောင်ခြင်း
၂၀၁၈ ခုနှစ်မှာ “Coca-Cola” ကုမ္ပဏီအနေနဲ့ ရေရှည်တည်တံ့သောအနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် ‘လေလွင့်အမှိုက်ကင်းစင်ကမ္ဘာတစ်ခွင်’ ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကို ချမှတ်ခဲ့ပြီး ၂၀၃၀ မှာ ထုတ်လုပ်ရောင်းချလိုက်တဲ့ ပလတ်စတစ်ဗူးခွံများ၊ အလူမီနီယံဗူးခွံများ အားလုံးနှင့်ညီမျှတဲ့ ပမာဏကို ပြန်လည်စုဆောင်းနိုင်ရေး နဲ့ အသစ်တဖန်ပြန်လည် ဖန်တီးအသုံးပြုနိုင်ရေးကိုပါ ဆောင်ရွက်နေပြီးဖြစ်ပါတယ်။

“Coca-Cola” ကုမ္ပဏီရဲ့ ‘လေလွင့်အမှိုက်ကင်းစင်ကမ္ဘာတစ်ခွင်’ ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံမှာလည်း ‘တန်ဖိုးရှိတယ်’ ကမ်ပိန်းကို စတင်မိတ်ဆက်လိုက်ပြီး PET ပလတ်စတစ်ဗူးခွံများကို ပြန်လည်စုဆောင်းခြင်း နဲ့ နောက်တစ်ဖန်ပြန်လည်ဖန်တီးအသုံးပြုနိုင်ရန် အသိပညာပေး တိုက်တွန်းနှိုးဆော်သွားမှာဖြစ်ပါတယ်။

PET အမျိုးအစားပလတ်စတစ်က ဘာလဲ၊ ဘယ်လိုခွဲခြားသိနိုင်မလဲ?
PET ပလတ်စတစ်က Polyethylene Terephthalate အမျိုးအစားပလတ်စတစ်ဖြစ်ပြီး နေ့စဉ်အသုံးပြုနေကြတဲ့ သောက်ရေဗူး၊ အချိုရည်ဗူး နဲ့ ထုတ်ပိုးမှုများ၊ အစားအသောက်ဗူးများ၊ အဝတ်အထည်များနဲ့ အခြားပစ္စည်းများတွေမှာပါ တွေ့ရှိနိုင်ပါတယ်။ PET အမျိုးအစားပလတ်စတစ်ဗူးများက အကြည်ရောင်ရှိပြီး ဗူးအောက်ခြေမှာ တြိဂံပုံအတွင်း နံပါတ် ၁ ပုံသဏ္ဍာန် အမှတ်အသားပါရှိပါတယ်။

PET ပလတ်စတစ်ဗူးခွံများကို ထပ်တလဲလဲပြန်လည်အသုံးပြုနိုင်ဖို့ ဘယ်လိုပါဝင်လုပ်ဆောင်နိုင်မလဲ?
အသစ်တဖန် ပြန်လည် ဖန်တီးအသုံးပြုနိုင်တဲ့ PET အမျိုးအစား ပလတ်စတစ်ဗူးခွံတွေကို လေလွင့်အမှိုက်လို့ မသတ်မှတ်ပဲ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများအဖြစ် ထပ်တလဲလဲအသုံးပြုပြီး တန်ဖိုးကို မြှင့်တင်ပေးနိုင်ပါတယ်။ ‘တန်ဖိုးရှိတယ်’ ကမ်ပိန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပြုလုပ်နေပြီး ရန်ကုန် နှင့် မန္တလေးရှိ စားသုံးသူများကိုပါ PET ပလတ်စတစ်အသစ်တဖန် ပြန်လည်ဖန်တီးအသုံးပြုစေဖို့ အားပေးသွားမှာဖြစ်ပါတယ်။

အစီအစဉ်တွင် ပါဝင်ရန် လုပ်ဆောင်ရမည့်နည်းလမ်းများ

၁။ PET အမှတ်တံဆိပ်ပလတ်စတစ်ဗူခွံများကို အမှိုက်၊ အညစ်ကြေး၊ အရည်အကြွင်းအကျန်မပါစေပဲ စနစ်တကျခွဲခြားပြီး စုဆောင်းပါ။

၂။ စုဆောင်းထားသော ဗူးခွံများကို ပြားသွားအောင်ဖိချေပါ။

၃။ ထို့နောက် နီးစပ်ရာ တန်ဖိုးရှိတယ် သံတမန်ဆိုင်သို့သွားကာ Coca-Cola အချိုရည်များနှင့် လဲလှယ်ပါ။ (၁၃ နှစ်အောက် ကလေးငယ်များအနေနှင့် အုပ်ထိန်းသူလူကြီး မိဘနှင့်အတူလာရောက်လဲလှယ်ရပါမယ်။)

ဘယ်အမှတ်တံဆိပ်မျိုးမဆို PET ပလတ်စတစ်ဗူးခွံ ၁ ကီလို (ဥပမာ အားဖြင့် – Coca-Cola ၃၅၀ ml ဗူးခွံ အခု ၄၀) လဲလှယ်ပြီး “Coca-Cola” ၅၀၀ ml အချိုရည် တစ်ဗူး လက်ဆောင်ရယူနိုင်ပါတယ်။

‘Coca-Cola’ ကုမ္ပဏီအနေနဲ့ ရည်မှန်းချက်တူညီတဲ့ အဖွဲ့အစည်းများ၊ မိတ်ဖက်များဖြစ်သော ရန်ကုန်မြို့ရှိ မိတ်ဖက်ဆိုင် (၂၉) ခု နဲ့ မန္တလေးမြို့ရှိ မိတ်ဖက်ဆိုင် (၈) ခုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ပလတ်စတစ်ထုတ်ပိုးမှု circular economy ကို မြှင့်တင်ရေး၊ ရေရှည်တည်တံ့သော အနာဂတ်ဖန်တီးရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ မိတ်ဖက်သံတမန်ဆိုင်တွေမှ စုဆောင်းရရှိတဲ့ PET ဗူးခွံများကို ပြန်လည်ကောက်ခံသူများ နဲ့ အကြီးစား ပြန်လည်ဖန်တီးသူများ (recycler) ) ထံသို့ တစ်ဆင့်ပြန်လည် လက်ဆင့်ကမ်းခြင်းဖြင့် ဗူးခွံသံသရာကို ထပ်တလဲလဲ ပြန်လည်ဖန်တီးအသုံးပြုနိုင်အောင် ပံ့ပိုးပေးနိုင်ပြီး လေလွင့်အမှိုက်များကို အားလုံးအတူတကွ လျှော့ချ နိုင်မှာဖြစ်ပါတယ်။

တန်ဖိုးရှိတယ် သံတမန်ဆိုင်များလမ်းညွှန်ကို သိရှိနိုင်ရန် Scan ဖတ်ပါ
ပလတ်စတစ်ညစ်ညမ်းမှုကို တားဆီးရေးအတွက် အားလုံးဝိုင်းဝန်းပြီး လေလွင့်အမှိုက်လျှော့ချခြင်း၊ အသစ်တစ်ဖန် ပြန်လည်ဖန်တီးပြီး ပြန်လည်အသုံးပြုခြင်းတို့ကို လုပ်ဆောင်သွားကြရန် လိုအပ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top