အ​ခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ထောက်ပံမယ်

6-4-2020-yyl-036.jpg

Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဥ်းပြီး အရေးကြီးကာလဖြစ်တဲ့ မဟာသကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆာ၊ ပဲ၊ ကြက်သွန်တို့ကို ထောက်ပံပေးသွားမယ်လို့ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

အိမ်ထောင်စုတစ်စုကို ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ထောက်ပံ့မှု ၅ မျိုးဆီကို ဧပြီ ၁၀ ရက်ကနေစတင်ပြီး အခမဲ့ ဖြန့်ဖြူးထောက်ပံပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုလိုဆောင်ရွက်ရာမှာ မလိုလားအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေ၊ အဂတိလိုက်စားမှုတွေ မဖြစ်ပေါ်ဖို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ ရပ်မိရပ်ဖတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပရဟိတလူငယ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထါးပါတယ်။

ဒါ့အပြင် ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ (သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမပါ)အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးဆွဲမှု ၁၅၀ ယူနစ်အထိကို ဧပြီလကုန်အထိ အခမဲ့ပေးသွားမယ်လို့လည်း ထုတ်ပြန်လိုက်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top