အူရီဒူးမြန်မာမှ ထူးခြားဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံပေါင်းများစွာပေးစွမ်းမည့် Gameverse ကို မိတ်ဆက်

8.5.24-yyl-15.jpg

Gameverse ၏ Mission 2024 – Mobile Legends: Bang Bang ပြိုင်ပွဲတွင် အမြင့်ဆုံးဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း ၇၀၀ ချီးမြှင့်သွားမည်။

မြန်မာနိုင်ငံရှိ ထိပ်တန်းနိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာသည် ဆန်းသစ်တီထွင်မှုများကိုနှစ်ခြိုက်အားပေးပြီး ဒစ်ဂျစ်တယ်ပိုင်းနှင့်ရင်းနှီးကျွမ်းဝင်သည့် လူငယ်မျိုးဆက် များကို ပံ့ပိုးမြှင့်တင်သွားမည့် ကတိကဝတ်ကို ထပ်မံအကောင်အထည်ဖော်သည့်အနေဖြင့် “Gameverse” ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Eduardo Quiroga က “အူရီဒူးတစ်ခုတည်းကသာ မြန်မာနိုင်ငံမှာ ပထမဆုံး ယူ‌ဆောင်ပေးလာနိုင်တဲ့ “Gameverse” ဟာ ဂိမ်းနယ်ပယ်လူမှုအသိုင်းအဝိုင်းတွေအတွက် ထူးခြားပြည့်စုံတဲ့ ဂိမ်းကစားခြင်းအတွေ့အကြုံတွေနဲ့ အထူးအခွင့်အရေးတွေ ရရှိစေနိုင်မှာဖြစ်တာကြောင့် ယခုလို မိတ်ဆက်ပေးခွင့်ရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ”Gameverse” ဟာ အူရီဒူးကနေ ကမ်းလှမ်းပေးမယ့် ဂိမ်း‌ပေါင်းများစွာအတွက် ပင်မကျောရိုးတစ်ခု ဖြစ်လာမှာပါ။ အွန်လိုင်းဂိမ်း ပေါ့ပေါ့ပါးပါး ဆော့ချင်တဲ့သူဖြစ်ဖြစ် ဒါမှမဟုတ် ခေတ်မီ မိုဘိုင်းလ်ဂိမ်းချစ်သူတွေ၊ PC ဒါမှမဟုတ် Console ဂိမ်းတွေကို ကစားရတာ ကြိုက်နှစ်သက်တဲ့ ဂိမ်းကစားသမားတွေ အားလုံးအတွက် စိတ်လှုပ်ရှားစရာ အစီအစဥ်တွေကို မိတ်ဆက်ပေးသွားမှာပါ။” ဟု ပြောကြားသည်။

“Gameverse” စတင်မိတ်ဆက်ခြင်းရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ “Mission 2024” နှင့်အတူ ဒစ်ဂျစ်တယ် ကစားသမားတွေရဲ့ ကျွမ်းကျင်မှုတွေ၊ စိတ်အားထက်သန်မှုတွေကို ချပြနိုင်ပြီး မြန်မာနိုင်ငံမှာ အမြင့်ဆုံး ဆုကြေးငွေများ ပေးအပ်သွားမယ့် ဂိမ်းပြိုင်ပွဲကြီးတစ်ခုကို စတင်မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝတွေ ပိုမိုတိုးတက်မြင့်မားလာစေဖို့ ပံ့ပိုးလုပ်ဆောင်သွားမယ့် မျှော်မှန်းချက်နဲ့အညီ eSports လူမှုအသိုင်းအဝိုင်းတွေကို ပံ့ပိုးကူညီရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတဲ့အတွက်လဲ ဂုဏ်ယူပီတိဖြစ်မိပါတယ်။ ယခုလို eSports ကို မြှင့်တင်ပြီး ဂိမ်းယှဥ်ပြိုင်ခြင်းကတစ်ဆင့် စည်းလုံးမှုနဲ့ စိတ်အားထက်သန်မှု ပြယုဂ်တစ်ခု ဖန်တီးသွားမယ့် ဒီခရီးစဥ်မှာ ဂိမ်းချစ်သူ ဘယ်သူမဆို အားလုံးကို လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။” ဟု Mr. Eduardo မှ ဆက်လက်ပြောကြားခဲ့သည်။

ထူးခြားဆန်းသစ်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံသစ်များကို ပေးစွမ်းနိုင်ရန် စီစဥ်ဖန်တီးထားသည့် Gameverse မှ ပွဲဦးထွက်အနေဖြင့် “Mission 2024” အစီအစဥ်ဖြစ်သော Mobile Legends Bang Bang (MLBB) tournament ပြိုင်ပွဲကို ကြေညာလိုက်ပြီဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံတွင် 3rd party မှ ကျင်းပသည့် ဆုကြေးငွေအမြင့်ဆုံးရရှိနိုင်မည့် ဂိမ်းပြိုင်ပွဲတစ်ခုလည်းဖြစ်ပါသည်။ အဆိုပါ ” Gameverse” သည် အူရီဒူးမှ ကမ်းလှမ်းပေးသွားမည့် ဂိမ်းအစီအစဥ်တိုင်းအတွက် ပင်မကျောရိုးတစ်ခုအဖြစ် ရပ်တည်သွားမည် ဖြစ်သည်။

Gameverse- Mission 2024 အစီအစဥ်

အမြင့်ဆုံး ဂိမ်းဆုကြေးငွေ – အဆိုပါ ဂိမ်းပြိုင်ပွဲကြီးတွင် ဆုကြေးငွေအနေဖြင့် စုစုပေါင်းကျပ် သိန်း ၇၀၀ (၇၀,၀၀၀,၀၀၀ိ/-ကျပ်) ချီးမြှင့်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း 3rd Party မှ ကျင်းပပေးသည့် ဂိမ်းပြိုင်ပွဲများထဲတွင် အမြင့်ဆုံး ဆုကြေးငွေပေးအပ်မည့် ပြိုင်ပွဲကြီးဖြစ်သည်။ ယခု Gameverse – Mission 2024 ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုသည့် အဖွဲ့များအနေဖြင့် အောက်ဖော်ပြပါ Links များတွင် မေလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန် မတိုင်ခင်အထိ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

အမျိုးသားအဖွဲ့များ စာရင်းသွင်းရန် – http://ore.do/5wjvn

အမျိုးသမီးအဖွဲ့များစာရင်းသွင်းရန် – http://ore.do/2rd6g

မည်သူမဆို တန်းတူအားလုံးပါဝင်နိုင်မည့် ဂိမ်းပြိုင်ပွဲ – မည်သို့ပင် မတူကွဲပြားမှုမဆို၊ မည်သူမဆို တန်းတူပါဝင်နိုင်မှုကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် အမျိုးသားနှင့် အမျိုးသမီး ဂိမ်းအသင်းများကို Gameverse – Mission 2024 တွင် ပါဝင်ယှဥ်ပြိုင်ရန် တိုက်တွန်းဖိတ်ခေါ်လျက်ရှိသည်။

စိတ်လှုပ်ရှားစရာများအပြည့်ပါဝင်သော ပွဲချိန်ဇယား – Qualifiers များ၊ အဆင့်သတ်မှတ်ခြင်းများနှင့် လက်ရွေးစင် ယှဥ်ပြိုင်ခြင်းများပါဝင်သည့် အွန်လိုင်းပေါ်မှ ယှဥ်ပြိုင်မှုများကို မေလ ၁၄ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပွဲစဉ်များကို နေ့စဉ် မွန်းတည့်မှ ည ၉ နာရီအထိ နေ့စဉ်ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဥ်ပြိုင်မည့် ကစားသမားများနှင့် ပရိသတ်များ အနေဖြင့် ပြိုင်ပွဲတွင် လာရောက် ပါဝင်နိုင်ရန် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်သည်။

နောက်ဆုံး ဗိုလ်လုပွဲစဥ် – Gameverse – Mission 2024 ၏ နောက်ဆုံး ဗိုလ်လုပွဲစဥ်ကို ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်အတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်များအနေဖြင့် ထူးကဲဆန်းသစ်သည့် အတွေ့အကြုံကို ရရှိခံစားစေနိုင်မည်ဖြစ်သည်။

သက်ဝင်စီးမျောခံစားနိုင်မည့် ဖျော်ဖြေရေးအခန်းကဏ္ဍ – နောက်ဆုံးအဆင့် ဗိုလ်လုပွဲအစီအစဥ်ကို တက်ရောက်လာသူများအတွက် Console ဂိမ်းကစားယှဥ်ပြိုင်မှုများ၊ MLBB ပျော်စရာ ယှဥ်ပြိုင်ပွဲများ၊ Arcade ဂိမ်းများနှင့် အခြားဖျော်ဖြေရေးဆိုင်ရာ ရွေးချယ်မှုများစွာ ပါဝင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲယှဥ်ပြိုင်မည့် နေရာတွင် ရင်ခုန်စရာကောင်းသော ပြိုင်ပွဲစဥ်များကို လက်မလွတ်စတမ်း ကြည့်ရှုအားပေးရင်း စိတ်ကြိုက် စားသောက်ဖွယ်ရာများကို ဝယ်ယူရရှိနိုင်မည့် Food Court လဲ ထားရှိမည် ဖြစ်သည်။

အဆိုပါ ထူးခြားဆန်းသစ်သည့် Gameverse စာနယ်ဇင်း မိတ်ဆက်ပွဲကို မေလ (၇) ရက်နေ့တွင် “Junction City” ၌ ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းစာနယ်ဇင်း မိတ်ဆက်ပွဲတွင် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်မျိုးစုံ ပါဝင်ပြသထားပြီး Gameverse နှင့် Mission 2024 ကို မိတ်ဆက်သည့် အနေဖြင့် Cosplay အစီအစဥ်၊ ဖျော်ဖြေရေးနှင့် နာမည်ကြီး အမျိုးသမီး ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမားများနှင့် အပျော်တမ်း ဂိမ်းယှဥ်ပြိုင်ခြင်း ပွဲစဉ်များကို အသီးသီး ကျင်းပပြုလုပ်ခဲ့သည်။

ဂိမ်းကစားခြင်းကို ကြိုက်နှစ်သက်သည့် eSporters များအနေဖြင့် အူရီဒူးမြန်မာမှ မိတ်ဆက်လိုက်သော Ooredoo SuperApp တွင် အထူး Shal Play Gaming Packs များကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်း Pack များတွင် Mobile Legends၊ PUBG Mobile စသည့် ဂိမ်းတို့ကို ဒေတာများ သက်သာစွာဖြင့် ဆော့ကစားနိုင်ရန် အထူးနှုန်းထားများပါဝင်သည်။ ထို့ပြင် ယခုအခါ Honor of Kings ဂိမ်းကိုလဲ ShalPlay Gaming Pack ဖြင့် ဆော့ကစားနိုင်ရန် ထည့်သွင်းထားပြီဖြစ်သည်။

Gameverse: Mission 2024 အစီအစဥ်ဆိုင်ရာ အခြား သိရှိလိုသည့် အချက်အလက်များကို Ooredoo Myanmar Facebook Page နှင့် “Gameverse by Ooredoo” Facebook Page တို့တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top