၂၀၁၆ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ စာပေဆုစာရင်းများ ထုတ်ပြန်ကြေညာ

27-7-2020-yyl-028.jpg

     ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုဟာဆိုရင် ၁၉၉၂ က စတင် မတည် လှူဒါန်းခဲ့တဲ့ ငွေများဖြင့် စာပေဆုတွေကို ပေးအပ်ချီးမြှင့်ပေးနေခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၂၅ ကြိမ်ရှိခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ စာပေဆု အမည်စာရင်းများ ကို ပခုက္ကူ စာပေဆု ရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါပြီ။

    ဝတ္ထုတိုပေါင်းချုပ်ဆု၊ ဝတ္ထုရှည်ဆု၊ ကဗျာ ပေါင်းချုပ်ဆု၊ သုတေသနဆု၊ ကျမ်းစာပေဆု၊ တစ်သက်တာ စာပေဆု၊ ပခုက္ကူ ဦးအုံးဖေတည်ထောင်သော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် စာပေဆု နှင့် စာကြည့်တိုက် စာအုပ်ဆုများကို ရွေးချယ် ချီးမြှင့်ခဲ့တာပါ။   

    “တစ်သက်တာ စာပေဆု” ကိုတော့ အမျိုးသားစာပေဆုရ စာရေးဆရာကြီး တောသားကြီး လူနိုင် က ရရှိခဲ့ပါတယ်။     

     ဆုနှင်းသဘင် ကျင်းပမယ့် အချိန်၊ နေရာ နဲ့ နေ့ရက်တို့ကိုတော့ ဆက်လက်ထုတ်ပြန်ကြေညာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: MOI Webportal Myanmar Facebook Page

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply