အီဖယ်လ်တာဝါကို တစ်နေ့တာ မီးပေးဖို့အတွက် ဘယ်လောက်ကုန်ကျပါသလဲ

paris_at_night__eiffel_tower_view_from_below-wallpaper-1366x768.jpg

အီဖယ်လ်တာဝါဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတည်ရှိပြီး နိုင်ငံရဲ့အသည်းနှလုံးဆိုလည်း မမှားပါဘူး။ ၂၀၁၇ မတ်လ ၁၅ရက်နေ့မှာ အီဖယ်လ်တာဝါဟာ သက်တမ်း ၁၂၈နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

အီဖယ်လ်တာဝါကိုဆောက်လုပ်သူ ဂပ်စတေ့ဗ်အီဖယ်လ် (Gustave Eiffel)ဟာ အစက ဒါကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာတည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာပါ။ စပိန်တွေက ခွင့်မပြုလို့ ပြင်သစ်မှာဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်မှာ စတင်ဆောက်လုပ်တော့လည်း လူတိုင်းတော့မဟုတ်ပေမယ့် တော်တော်များများက အသုံးမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန့်ကျင်ခဲ့ကြပါသေးတယ်။ အီဖယ်လ်တာဝါဟာ ဆောက်လုပ်ပြီးပြီးချင်းပဲ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးစာရင်းဝင် ဖြစ်ခဲ့ပါတယ်။

ပဲရစ်မြို့မှာ အရင်က အဆောက်အဦးတွေကို ၃၇မီတာအတွင်း သို့မဟုတ် ၁၁ထပ် ထက်မမြင့်အောင် ဆောက်လုပ်ဖို့စည်းကမ်းချက်ချထားတာကြောင့် ပဲရစ်မြို့သူမြို့သားတွေနဲ့ ခရီးသွားတွေဟာ အီဖယ်လ်တာဝါကို ဘယ်နေရာကမဆို လှမ်းမျှော်ကြည့်ရင် မြင်နိုင်ပါတယ်။ နေ့ဘက်တွေမှာ အလင်းရောင်ဖျော့ဖျော့နဲ့ မြင်ရမှာဖြစ်ပြီး ညဘက်တွေမှာတော့ မီးတွေထိန်ထိန်ညီးပြီး လှပနေတာကို မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုတစ်နေကုန် အလင်းရရှိနေစေဖို့ အသုံးပြုရတဲ့ ကုန်ကျစရိတ်ကို သိပါသလား။

ဒီအဆောက်အဦးကို လျှပ်စစ်ပေးနိုင်ဖို့ မီတာပေါင်းများစွာကျပါတယ်။ တစ်နှစ်ကို ပေါင်ကိုးသိန်းခြောက်သောင်းသုံးထောင့်ခြောက်ရာ ကုန်ကျပြီး အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ (၁.၁၂) သန်း ကုန်ကျပါတယ်။ တစ်နေ့ကို မီတာဘေလ် နှစ်ထောင့်ခြောက်ရာ့လေးဆယ်ပေါင် သို့မဟုတ် အမေရိကန်ဒေါ်လာဆိုရင် သုံးထောင့်ခုနှစ်ဆယ့်လေးဒေါ်လာ ကျသင့်တာမို့ အကုန်အကျများတယ်လို့ ဆိုနိုင်ပါတယ်။ အီဖယ်လ်တာဝါမှာ မီးသီးစုစုပေါင်း နှစ်သောင်းကျော်ရှိပြီး တစ်ရက်ကို နှစ်ဆယ့်နှစ်မီဂါဝပ် (Megawatts) အသုံးပြုရပါတယ်။ ကုန်ကျစရိတ်အများဆုံး အဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Ref: Reader Digest; “You’ll never believe exactly how much it costs to light the Eiffel Tower everyday”

Sophia (yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top