မင်္ဂလာပွဲ ဓာတ်ပုံဆရာမကို အွန်လိုင်းပေါ်မှာ အသရေဖျက်ခဲ့သည်စုံတွဲ ဒေါ်လာ ၁ သန်း ဒဏ်ငွေချမှတ်ခံရ

42DC558700000578-4748556-image-a-35_1501562335384.jpg

အမေရိကန်နိုင်ငံ တက်ဆက်စ်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ဒါးလက်စ်မြို့ (Dallas) တွင် နေထိုင်တဲ့ဇနီးမောင်နှံ ၂ဦးဟာ သူတို့ ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံဆရာမရဲ့ ၁၂၅ ဒေါ်လာတန် ဝန်ဆောင်မှုများကို အသရေဖျက်ခဲ့တဲ့အတွက် ဒဏ်ငွေ ဒေါ်လာ ၁သန်း ပေးဆောင်ရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံဆရာမ အန်ဒရီယာ ပိုလစ်တို (Andrea Polito) ဟာ အန်ဒရူး (Andrew) နဲ့ နီးလ်မော်ဒိုဗန် (Neely Moldovan) တို့ ဇနီးမောင်နှံ ၂ ဦးအတွက် ၂၀၁၄ ခုနှစ်က ဓာတ်ပုံရိုက်ကူးပေးခဲ့တာ ဖြစ်ပြီး မော်ဒိုဗန်တို့ ဇနီးမောင်နှံဟာ မင်္ဂလာပွဲဓာတ်ပုံများ ပို့ပေးရန် ဓာတ်ပုံဆရာမကို ပထမဆုံး တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံဆရာမနဲ့ မော်ဒိုဗန်တို့ ဇနီးမောင်နှံ ၂ ဦး အကြား ချုပ်ဆိုထားတဲ့ စာချုပ်အရ မော်ဒိုဗန်တို့ ဇနီးမောင်နှံ ၂ ဦးဟာ ဓာတ်ပုံရိုက်ကူးခ ဒေါ်လာ ၁၂၅ ဒေါ်လာ အရင်ပေးဆောင်ပြီးမှ မင်္ဂလာပွဲဓာတ်ပုံများကို ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အန်ဒရူးနဲ့ နီးလ်မော်ဒိုဗန်တို့ ဇနီးမောင်နှံ ၂ဦးဟာ ဓာတ်ပုံရိုက်ကူးခ ၁၂၅ ဒေါ်လာကို မပေးဆောင်တဲ့အပြင် ဓာတ်ပုံဆရာမက သူတို့ မင်္ဂလာပွဲဓာတ်ပုံများကို ထုတ်မပေးဘဲထားကာ အပိုငွေ ဒေါ်လာ ၁၅၀ ပါ တောင်းနေတယ်ဆိုပြီး အသေရေဖျက်ခဲ့ပါတယ်။ တကယ်အဖြစ်မှန်မှာတော့ ဓာတ်ပုံဆရာမက ဇနီးမောင်နှံစုံတွဲ  ၂ဦး ရဲ့အဆင်မပြေမှုတွေကို သိခဲ့တဲ့အတွက် ရိုက်ကူးခကို လျှော့ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမဲ့ မော်ဒိုဗန်တို့ ဇနီးမောင်နှံဟာ  ဆိုရှယ်မီဒီယာအပါအဝင် ဒေသခံ သတင်းစာများနဲ့ သတင်းဌာနများကိုပါ ဓာတ်ပုံဆရာမ ဓာတ်ပုံတွေကို မပေးဘဲ ပိုက်ဆံတောင်းနေကြောင်း အသရေဖျက်ခဲ့ပါတယ်။

ဇနီးမောင်နှံ ၂ ဦးရဲ့လုပ်ဆောင်မှုများကြောင့် ပိုလစ်တိုရဲ့ ၁၂ နှစ်ကြာ သက်တမ်းရှိနေတဲ့ ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းဟာ ရပ်ဆိုင်းခဲ့ရပြီး စတူဒီယိုကိုလည်း ပိတ်ခဲ့ရပါတယ်။ ဒီလို အသေရေဖျက်တဲ့ လုပ်ရပ်များကြောင် ပိုလစ်တိုဟာ သူတို့ဇနီးမောင်နှံ ၂ ဦးကို တရားစွဲခဲ့ပြီး မင်္ဂလာပွဲ ဓာတ်ပုံတွေလိုချင်ရင် သူတို့ပြုလုပ်ရမှာက Form ဖြည့်ကာ ဒေါ်လာ အနည်းငယ်ဆောင်ပြီး စတူဒီယိုသို့ လာရောက် ထုတ်ယူရန်သာ ဖြစ်ကြောင်း အထောက်အထားများကို တရားရုံးသို့ တင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဒါးလက်စ်တရားရုံးက မင်္ဂလာပွဲဓာတ်ပုံများကို ဓာတ်ပုံဆရာမက အကျပ်ကိုင်ပြီး မထုတ်ပေးဘူးဆိုတဲ့သတင်းဟာ မှားယွင်းနေကြောင်း ဆုံးဖြတ်ခဲ့ပြီး အခုလို ဓာတ်ပုံဆရာမရဲ့ လုပ်ငန်းများကို အသရေဖျက်ခဲ့တဲ့အတွက် ဇနီးမောင်နှံ ၂ ဦးကို ဒဏ်ငွေ ဒေါ်လာ ၁ သန်းကျော် ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

မော်ဒိုဗန်တို့ ဇနီးမောင်နှံ ၂ ဦးဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဘာမှတ်ချက်မှ မပေးခဲ့ဘဲ ဓာတ်ပုံဆရာမ ပိုလစ်တိုကတော့ အခုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သူမရဲ့ လုပ်ငန်းကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref : Time News : Couple Who Slammed Their Wedding Photographer Has to Pay Her $1 Million

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top