မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် အကျဉ်းသူ/သားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

mm1.jpg

မြန်မာနှစ်သစ်ကူးအခါသမယအထိမ်းအမှတ်အနေနဲ့ နိုင်ငံသူနိုင်ငံသားတွေစိတ်နှလုံးအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်းအသီးသီးက နိုင်ငံသားအကျဉ်းသား/သူ (၆၉၄၈) ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ လွှတ်သင့်လွှတ်ထိုက်သူတွေကို ဆက်လက်စိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်ပေးသွားဦးမယ့်အကြောင်းကိုလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Ref: Myanmar President Office
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top