မေဝယ်သာနဲ့ မထိုးဖြစ်ရင် လက်ဝှေ့လောကကနေ အနားယူနိုင်တဲ့ ပက်ကွီအို

hh2-1.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲ ပြန်မထိုးဖြစ်ရင် လက်ဝှေ့လောကကနေ ပက်ကွီအို အနားယူနိုင်တယ်လို့ သူ့ရဲ့နည်းပြ ဖရက်ဒီရို့ချ်က ပြောပါတယ်။ ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကွီအိုဟာ ပြီးခဲ့တဲ့လအတွင်း အက်ဒရီယန်ဘရွန်နာကို အနိုင်ယူပြီး သူ့ရဲ့ WBA ဝယ်တာဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ပက်ကွီအိုဟာ ၂၀၁၅ ခုနှစ်တုန်းက ရှုံးနိမ့်ခဲ့ဖူးတဲ့ မေဝယ်သာနဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ စိတ်အားထက်သန်နေပြီး မေဝယ်သာကို စိန်ခေါ်ထားသူပါ။ မေဝယ်သာနဲ့ မထိုးဖြစ်ရင် ကိသ်သာမန်နဲ့ ထိုးသတ်နိုင်ခြေရှိပေမဲ့ လက်ဝှေ့လောကကနေ အနားယူဖို့ ဆုံးဖြတ်နိုင်တယ်လို့ သူ့ရဲ့နည်းပြဆရာ ဖရက်ဒီရို့ချ်က ဆိုပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မေဝယ်သာနဲ့ ပက်ကွီအိုတို့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ဟာ လက်ဝှေ့သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး အခပေးကြည့်ရှုမှု(pay per view)နဲ့ ရုံဝင်ကြေးကနေ ပေါင်သန်း ၄၇၀ ရရှိခဲ့ပါတယ်။ မေဝယ်သာဟာ ၂၀၁၅ ခုနှစ်မှာ လက်ဝှေ့လောကကနေ အနားယူပြီလို့ ကြေညာခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့သလို သိပ်မကြာသေးခင်ကလည်း ဂျပန်ကစ်ဘောက်ဆင်သမား နာဆုဂါဝါနဲ့ ထိုးသတ်ခဲ့ပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply