ဒီဇင်ဘာလ မှာ သီချင်း အယ်ဘမ် အသစ်ထွက်ရှိတော့မယ့် ကိုရီးယား အဆိုတော် ရိန်း

rain.jpg

မကြာသေးခင်ကပဲ သမီးလေး တစ်ယောက်ရရှိခဲ့တဲ့ ကိုရီးယား အဆိုတော် ရိန်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်တွေ့မြင်ရတော့မယ့် ပုံပါပဲ။

သူ့ရဲ့ အေဂျင်စီကနေ သိရတဲ့ သတင်းအရတော့ ဒီဇင်ဘာ တစ်ရက်နေ့မှာ သူ့ရဲ့ အယ်ဘမ်အသစ် ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ဒါ့ပြင် အခု ထွက်ရှိမယ့် သီချင်းအယ်ဘမ်ဟာဆိုရင်တော့ mini album ဖြစ်မယ်လို့လည်း ဆိုပါတယ်။

အခု ထွက်ရှိလာမယ့် သီချင်း အယ်ဘမ်နဲ့ ပတ်သက်တဲ့ သီချင်းတွေ၊ arrangement တွေနဲ့ ထုတ်လုပ်ရေးတွေ အကုန်လုံးနီးပါးကို သူကိုယ်တိုင်ပဲ တာဝန်ယူ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ Rainism သီချင်းကို ထုတ်လုပ်ပေးခဲ့တဲ့ တေးသီချင်း ထုတ်လုပ်သူ တေးဝမ် နဲ့ အတူ ဆက်လက် အလုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရိန်းဟာ KBS က ထုတ်လွှင့်နေတဲ့ ကိုရီးယား reality show -The Unit မှာလည်း အစီအစဉ်တင်ဆက်သူ အနေနဲ့ရော သင်ကြားပြသသူ အနေနဲ့ပါ ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Ref: Soompi: Rain Reveals Date And Additional Details For Upcoming Comeback

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top