ဗောက်ပျောက်ရန် အိမ်မှာ အလွယ်တကူ ကုသနိုင်သော အိမ်တွင်း ဆေးဝါးများ

beautiful-woman-face-with-perfect-makeup-829NZXJ.jpg

ကျွန်တော်တို့တစ်ခုလောက် စိတ်ကူးကြည့်လိုက်ရအောင်။ သင်က stage စင်ကြီးပေါ်မှာ သရုပ်ပြနေတာကို လူတွေအများကြီးက ကြည့်နေတယ်။ အဲ့ဒီအချိန်မှာပဲ သင် ခေါင်းကုတ်ချင်စိတ်တွေ တဖြည်းဖြည်းဖြစ်လာမယ်။ ပြီးတော့ သင့်ရှေ့မှာ ဗောက်တွေ အဖတ်လိုက် ကွာကျလာမယ်။ အဖတ်အကြီးကြီးတွေနော်။ သင်စပြီး အလန့်တကြားဖြစ်လာပြီး ဘယ်သူမှ မမြင်အောင်လို့ စင်နောက်ကိုပြန်ဝင်ပြီး နေနေလိုက်မယ်ဆိုပါစို့။ သင့်ခေါင်းကို ထပ်ကုတ်လိုက်ပြန်ပြီဆို ဗောက်တွေ အဖတ်လိုက် ထပ်ကျလာပြီး ပိုပြီးတော့လည်း ထင်သာမြင်သာ ရှိလာမယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က ဖြတ်လာရင်းတွေ့သွားပြီး သင့်ကို “ မင်းမှာ ဗောက်တွေ အတော်ဆိုးဆိုးရှိနေတာပဲ သူငယ်ချင်း”လို ပြောသွားမယ်ဆိုရင် ………..

ဗောက်ဆိုတာ ဦးခေါင်းပေါ်မှာရှိတဲ့ အရည်ပြား အခြေအနေ တစ်ခုပါ။ ဗောက်တွေဟာ ဦးရေပြားပေါ်က အရည်ခွံတွေ ဖြစ်သင့်တာထက် ပိုပြီးမြန်မြန် ကွာကျလာတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဆဲလ်အဟောင်းတွေဟာ ဆဲလ်အသစ်တွေကို နေရာပေးဖို့ သေဆုံးပေးကြရပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကြီးက ပိုပြီး မြန်ဆန်လာမယ်ဆိုရင် သင့်ခေါင်းကနေ အဖတ်ဖြူဖြူကြီးတွေ ကျလာတော့မှာ ဧကန်ပါပဲ။ ဒီဖြစ်စဉ်ဖြစ်ရခြင်းဟာ ဦးရည်ပြား ခြောက်သွေ့ခြင်း၊ အသားအရည် အခြေအနေ၊ သို့မဟုတ် ပုံမှန် ဦးရည်ပြားတွေမှာ ရှိတတ်ပြီး အဖြစ်များတဲ့ malassezia မှိုကြောင့် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖျားနာခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတွေကလည်း ဗောက်ထစေနိုင်ပါတယ်။

ဗောက်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုတော့ ဘယ်လိုမှ ပြဿနာ မပေးနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ရှက်ကြောက်ခြင်းကို ခံစားရစေနိုင်ပါတယ်။ လူတွေဟာ တစ်ခါတလေမှာ ဗောက်ကို တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ တွဲပြီး မြင်လေ့ရှိပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ ဗောက်ဖြစ်ရခြင်း အကြောင်းရင်းတွေထဲကမှ အနည်းငယ်သာ သက်ဆိုင်တာကြောင့် ဒါကသိပ်တော့ မဖြစ်နိုင်ပါဘူး။ ဗောက်တွေက အရေပြား အခြေအနေကြောင့်သာ အဖြစ်များပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ ဒါကိုမသိကြပါဘူး။ အထက်မှာဖော်ပြထားတဲ့ ဇာတ်လမ်းလိုမျိုး တကယ်လို့ လူတွေအားလုံးက သူ့ရဲ့ဗောက် အဖြူဖတ်ကြီးတွေကို သတိထားမိသွားပြီဆိုရင် ဒါဟာ တကယ်ကို ရှက်စရာကောင်းတဲ့ အတိတ်တစ်ခုအနေနဲ့ ကျန်ခဲ့တော့မှာပါ။ သေချာတာပေါ့။ သူ့ကို ကုသလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ ၁ဝချက်ဟာ ဗောက်ထခြင်းအတွက် အသုံးပြုနိုင်မယ့် အိမ်တွင်းဆေးဝါး ၁ဝမျိုးပါ။

အုန်းဆီ

anti-fungal (မှိုမကပ်စေနိုင်သော ) အစွမ်းသတ္တိ ရှိပါတယ်။ သင့် ဦးရည်ပြားပေါ်မှာ မှိုကြောင့်ဖြစ်နေတဲ့ ဘယ်ပြဿနာကိုမဆို အုန်းဆီက ဖယ်ရှားပေးနိုင်ပြီး အစိုဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်းကနေ ၅ဇွန်းထိ လိမ်းပေးပြီး ၁နာရီလောက်စောင့်ပါ။ ပြီးတဲ့နောက် ခေါင်းလျှော်ချလိုက်ပါ။ ဒါမှမဟုတ်လည်း အုန်းဆီပါတဲ့ ခေါင်းလျှော်ရည်တွေကို သင်အသုံးပြုနိုင်ပါတယ်။

Apple Cider Vinegar (ပန်းသီးရှာလကာရည်)

ဒီပစ္စည်းမှာပါဝင်တဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ ကဇေါ်မြှုပ်တွေကို ကာကွယ်ပေးနိုင်တာကြောင့် သင့် ဦးရည်ပြားအတွက် ကောင်းမွန်တဲ့အရာတစ်ခုပါ။ ပန်းသီးရှာလကာရည် လေးပုံတစ်ပုံနဲ့ ရေလေးပုံတစ်ပုံကို ရောပြီး သင့် ဦးရည်ပြားပေါ် ဖြန်းပေးပါ။ ခေါင်းကို သဘက်နဲ့ ၁၅မိနစ်ခန့် ပေါင်းထားပြီး ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂ကြိမ်လုပ်ပေးပါ။

Baking soda (မုန့်ဖုတ်ဆိုဒါ)

ဒီ မုန့်ဖုတ်ဆိုဒါဟာ ဗောက်ဖြစ်စေတဲ့ မှိုဖြစ်ပွားမှုတွေကို လျော့နည်းစေတာကြောင့် ဗောက်သေအောင် လုပ်တဲ့နေရာမှာသူကလည်း တကယ်ကို အကူအညီဖြစ်ပါတယ်။ ဆံပင်ကို စိုအောင်လုပ်ပြီး soda ကို ဦးရည်ပြားပေါ် လိမ်းကာ မိနစ်အနည်းငယ်ထားလိုက်ပါ။ ပြီးရင်တော့ ဆေးချလိုက်ပါ။

ရှားစောင်းလက်ပတ်

ဗောက်ထတာကြောင့် ယားယံတာကို ကုသပေးနိုင်တဲ့ ဆေးတစ်လက်ပါ။ ခေါင်းမလျှော်ခင် ရှားစောင်းလက်ပတ်ကို ခေါင်းပေါ်မှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ဒါက ယားယံခြင်းကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ဦးရည်ပြားပေါ် လိမ်းပေးပါ။ အနံ့ နံနေမှာစိုးရင် ပျားရည်နဲ့ ရောပြီး အသုံးပြုပေးနိုင်ပါတယ်။ ပြီးရင်တော့ဆေးချလိုက်ပါ။

သံလွင်ဆီ

သံလွင်ဆီဟာ ကိစ္စတော်တော်များများအတွက် အသုံးဝင်ပြီး ဗောက်သေစေခြင်းကလည်း တစ်ခုအပါအဝင်ပါ။ သံလွင်ဆီ ၁ဝစက်လောက်ကို ဦးရည်ပြားပေါ်မှာ လိမ်းပြီး ရေချိုးတဲ့ခါ ဆောင်းတဲ့ဦးထုပ် (shower cap) ကို တစ်ညလုံး စွပ်ထားပေးပါ။ နောက်တစ်ရက် နံနက်မှာ ခေါင်းလျှော်ပါ။ ဒါမှမဟုတ်လည်း သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီ အနည်းငယ်ဟာ ခေါင်းလျှော်နေစဉ်အတွင်းမှာကို ဗောက်တွေကို အံ့ဩစရာကောင်းလောက်အောင် ပျောက်ကင်းစေနိုင်ပါတယ်။ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ရောသုံးပြီး သင်ကိုယ်တိုင် စမ်းသပ်ကြည့်ပါ။

သံပုရာ

ပန်းသီးရှာလကာရည်လိုပါပဲ။ သံပုရာသီး (ရှောက်သီး)တွေမျာ ပါဝင်တဲ့ acid ဓာတ်ဟာ ဦးရည်ပြားရဲ့ pH balance ကိုညီမျှစေပါတယ်။ ဦးရည်ပြားပေါ်မှာ သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်းလောက်လိမ်းပြီးနှိပ်နယ်ပေးကာ ရေဆေးချလိုက်ပါ။ ပြီးတဲ့နောက် သံပုရာရည် လက်ဖက်ရည်ဇွန်း၁ဇွန်းကို ရေနဲ့ရောပြီးဆေးပေးပါ။ သင့် ဗောက်အခြေအနေကောင်းမွန်လာတဲ့အထိ နေ့တိုင်းလုပ်ပေးပါ။

Aspirin (သွေးကျဲဆေး)

ယုံချင်ယုံမယုံချင်နေပါ။ aspirin ရဲ့ salicylic acid ဟာ ဗောက်အတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်နိုင်ပါတယ်။ aspirin ၂လုံးကို ကြိတ်ခြေပြီး သင့်ခေါင်းလျှော်ရည်နဲ့ ရောလိုက်ပါ။ မိနစ်အနည်းငယ်ထားပြီး ပုံမှန် ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ချလိုက်ပါ။

ပဲနံ့သာပင်

ဒီအပင်ရဲ့ မှိုသတ်ပေးနိုင်တဲ့အစွမ်းနဲ့ နူးညံ့ ပျော့ပြောင်းစေတဲ့ ဂုဏ်သတ္တိတွေကြောင့် ဗောက်ထခြင်းကို ထိန်းချုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း ၂ဇွန်း သို့မဟုတ် ၃ဇွန်းကို ရေထဲမှာ တစ်ညသိပ်လောက် စိမ်ထားပြီး နောက်တစ်ရက်မှာ ကြိတ်လိုက်ပါ။ သင့်ခေါင်းပေါ်မှာ နာရီအနည်းငယ်ကြာအောင် လိမ်းထားပြီး ပုံမှန်အတိုင်း လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ တစ်ပတ် ၂ကြိမ် လုပ်ပေးပါ။

ပုခုံးပေါ်မှာ ဗောက်ဖတ်ဖြူဖြူကြီးတွေ ကျနေတာက စိတ်ဖိစီးစေပြီး ရှက်စရာကောင်းသလို ခံစားရစေပါတယ်။ ဒါပေမဲ့ စိတ်ရှည် သည်းခံလိုက်ပါ။ ကုသမှု နည်းလမ်းတွေက သင်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေပါတယ်။

ရေးသားသူ Wathun Myat Chal

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top