ပွဲဦးထွက်နေ့မှာပဲ လက်မှတ်ရောင်းရငွေ ၁၂၁ သန်း အထိရခဲ့တဲ့ Thor: Ragnarok

image.jpg

Thor: Ragnarok ဇတ်ကားဟာ စပြသသချင်းနေ့မှာပဲ မြောက်အမေရိက ရုပ်ရှင်ရုံတွေမှာ လက်မှတ်ရောင်းရငွေ ၁၂၁ သန်းရခဲ့ကာ ၂၀၁၇ ခုနှစ်ရဲ့ လက်မှတ်ရောင်းအားအကောင်းဆုံး ဇာတ်ကား ၄ ကားမြောက် အဖြစ် စာရင်းဝင်ခဲ့ပါတယ်။

တတိယ ထွက်ရှိလာခဲ့တဲ့ Thor ဇာတ်ကားဟာ အောက်တိုဘာလမှာ ရုပ်ရှင်လက်မှတ်ရောင်းအားကျဆင်းနေတဲ့ ရုပ်ရှင်ရုံတွေအတွက်တော့ အားရစရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Thor: Ragnarok ဇာတ်ကားဟာ သူ့ရဲ့ အရင်က ထွက်ရှိခဲ့တဲ့ Thor ဇာတ်ကားတွေရဲ့ ရုံဝင်လက်မှတ်စံချိန်ချိုးခဲ့ပြီး ၂၀၁၁ မှာ ထွက်ရှိခဲ့တဲ့ Thor ဇာတ်ကားဟာပထမဆုံးရက်မှာ ဒေါ်လာ ၆၅.၇ သန်းသာ ဝင်ငွေရခဲ့ပြီး ၂၀၁၃ မှာ ထွက်ရှိတဲ့ Thor: The Dark World ဇာတ်ကားကတော့ ပထမရက်မှာ ဒေါ်လာ ၈၅.၇ သန်းသာ ဝင်ငွေရခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပွဲထွက်ထွက်ခြင်းမှာ အောင်မြင်မှုရခဲ့တဲ့အတွက် Thor: Ragnarok ဇာတ်ကားရဲ့ ဒါရိုက်တာ တိုင်ကာ ဝေတီတီ (Taika Waititi) အတွက်လည်း စံချိန်တစ်ခုကို ရယူနိုင်မယ့် အလားအလာတွေ ရှိနေနိုင်ပါတယ်။

Disney-Marvel ပူးတွဲရိုက်ကူးထားတဲ့ Thor: Ragnarok ဇာတ်ကားဟာ Marvel အတွက် ၁၇ ကားမြောက် ဇာတ်ကားတစ်ကားဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဝေဖန်ရေးသမားများရဲ့ မှတ်ချက်ကောင်းများကို ရရှိနေပြီး IMDB Rating 8.2 နဲ့ Rotten Tomatoes score က 93 % ရှိနေကြောင်းသိရပါတယ်။

Ref : Time Entertainment : Thor: Ragnarok Thunders to $121M Debut at Box Office

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top