ပရိသတ်အချစ်တွေကို သိမ်းပိုက်ဖို့ realme Brand Ambassador က ယူဆောင်လာပေးမယ့် realme 10

21.2.2023-image-12.jpg

၂၀၂၃ ခုနှစ်အတွက် realme Myanmar ရဲ့ လူကြိုက်များတဲ့ ထုတ်ကုန်စီးရီးတစ်ခုဖြစ်တဲ့ realme 10 ကို realme Brand Ambassador က ရက်ပိုင်းအတွင်း ခေါ်ဆောင်လာပေးတော့မှာပါ။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ realme မိသားစုဝင်က ပရိသတ် အချစ်တွေကို တစ်ကျော့ပြန်သိမ်းပိုက်ဖို့ “RAM နှစ်ဆချိန်း၊ 256 နဲ့ သိမ်း” realme 10 နဲ့အတူ ရောက်ရှိလာတော့မှာပါ။

realme 10 မှာ ပါဝင်တဲ့ အဓိက အားသာချက်များစွာထဲမှ တစ်ခုကတော့ MediaTek ရဲ့ Helio G99 Chipset ကို အသုံးပြုထားလို့ Graphic မြင့်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဂိမ်းများစွာကို အကြိတ်အနယ် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Super AMOLED Display ထည့်ထားပြီး refresh rate 90Hz ကြောင့် သွက်လက် ဖျတ်လက်နေတဲ့ အကြမ်းစားဖုန်းတစ်လုံးကို စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။

realme 10 ရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ RAM 8GB နဲ့ storage မှာ ROM 256GB ထိ ပါဝင်လာမှာ ဖြစ်လို့ ဓာတ်ပုံပေါင်းများစွာကို စိတ်ကြိုက်ရိုက်ပြီး သိမ်းထားနိုင်မှာပဲ ဖြစ်ပါတယ်။ အလင်းမှုန်လေးတွေကို ကိုင်တွယ်ထိတွေ့လိုက်ရသလို Gradient ဒီဇိုင်းနဲ့ အမိုက်စားအရောင်တွေကို ဖမ်းယူနိုင်မယ့် 50MP ရောင်စုံ AI ကင်မရာကို realme 10 မှာ အပြည့်အဝခံစားရရှိစေမှာပါ။ အားအမြန်သွင်းပေးတဲ့ 33W Fast charging နဲ့ 5000mAh ဘက်ထရီကြောင့် တနေ့တာလုံး အပူအပင်မရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အလင်းမှုန်တွေက ကြယ်တွေနဲ့ တိုက်မိပြီး ရောင်စဉ်လှိုင်းတန်းများအသွင် ဖြာထွက်လာတဲ့ “Clash White” အဖြူရောင်နဲ့ ကြယ်တွေက စကြာဝဠာကို အလင်းပေးနေတဲ့အလား “Rush Black” အနက်ရောင် နှစ်မျိုး နှစ်သက်ရာကို ရွေးချယ်နိုင်မှာပါ။ ဘယ်အရောင်ကိုပဲရွေးရွေး ရှုထောင့်တိုင်းမှာ မတူညီတဲ့ အရောင်တွေ ခံစားရစေမှာတော့ အသေအချာပါပဲ။

#realme 10

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top