ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ စာသင်ကျောင်း ၄ ကျောင်း တည်ဆောက် ပေးမယ်

japan-donation.jpg

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စာသင်ကျောင်း ၄ ကျောင်းထပ်မံတည်ဆောက်သွားမယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေကို ရှမ်းပြည်နယ်၊ လွိုင်လင်မှာ နှစ်ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်နဲ့ ပန်းတနော်မြို့နယ်တို့မှာ ၁ ကျောင်းစီ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအကူညီနဲ့တည်ဆောက်မယ့် စာသင်ကျောင်းတွေအနက် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁၆၆,၆ဝ၇ ကူညီပေးမှာဖြစ်ပြီး၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၈၆,၄ဝဝ ကုန်ကျမှာဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ မရမ်းဂွကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂၃,၂၂၂ ကူညီပေးသွားမှာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၅၄,၈၆၉ ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Source : Japan Embassy

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top