ဒေါင်းဆင်ဒရုန်းကလေးငယ်များအတွက် ရာသီတုပ်ကွေးကာကွယ်ဆေး အလုံးရေ ၁၅၀ ကို Manulife Myanmar က ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းထိုးနှံပေးခဲ့

17.5.24-yyl-9.jpg

ဒေါင်းဆင်ဒရုန်းကလေးငယ်များအတွက် ရာသီတုပ်ကွေးကာကွယ်ဆေး အလုံးရေ ၁၅၀ကို ယခုနှစ်အတွက်လည်း ဒုတိယအကြိမ် မြောက်အဖြစ် လှူဒါန်းထိုးနှံပေးခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံဒေါင်းဆင်ဒရုန်းအသင်းနှင့်အတူ ပူးပေါင်းပြီး ၎င်းလူမှုအကျိုးပြုအစီအစဥ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကာကွယ်ဆေးလှူဒါန်းထိုးနှံပေးခြင်းအစီအစဥ်ကို မေလ (၁၂) ရက်နေ့တွင်ကျရောက်သော အမေများနေ့အထိမ်းအမှတ် အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Manulife Myanmar ရှိ ဝန်ထမ်းများ၊ အာမခံအကြံပေးပုဂ္ဂိုလ်များက “မေမေနဲ့တူတူကုသိုလ်ယူ” သုံးရက်တာလမ်းလျှောက်ကမ်ပိန်းအစီအစဥ်တွင် ပါဝင်၍ ခြေလှမ်းပေါင်း တစ်သောင်းနှင့်အထက် လမ်းလျှောက်ခဲ့ပြီး ကာကွယ်ဆေးလှူဒါန်းမှုတွင် ပါဝင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် အဆိုပါလမ်းလျှောက်ကမ်ပိန်းအစီအစဥ်တွင် ပါဝင်သူများအတွက်သာမက ၎င်းတို့၏ မိခင်များအတွက်ကိုပါ Manulife Myanmar က နှစ်ဆထည့်သွင်းတွက်ချက်ပြီး မြန်မာနိုင်ငံဒေါင်းဆင်ဒရုန်းအသင်းသို့ ရာသီတုပ်ကွေးကာကွယ်ဆေး အလုံးရေ ၁၅၀ လှူဒါန်းပေးခဲ့ရာ အဆိုပါ ရာသီတုပ်ကွေးကာကွယ်ဆေး လှူဒါန်းထိုးနှံပေးခြင်း အခမ်းအနားကို မေလ ၁၄ရက်နေ့က ရန်ကုန်မြို့၊ Myanmar PolyLand Academy ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

Manulife အနေနှင့် အာရှတစ်ခွင်တွင် နှစ်ပေါင်း ၁၂၅ နှစ်ကျော်တိုင်အောင် အကောင်းဆုံးအသက်အာမခံကုမ္ပဏီအဖြစ် ရပ်တည် လည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း အလုပ်လုပ်ဖို့ အကောင်းဆုံးကုမ္ပဏီ Best Companies To Work In Myanmar ဆုကို နှစ်နှစ်ဆက်တိုက် ရရှိထားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top