လုံခြုံသော နေရာတစ်ခုကို ဖန်တီးခြင်း – TikTok မှ သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို အလေးထားအာမခံပုံ

11.8.2024-yyl-3.png

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူများသည် TikTok ကို ဖန်တီးရန်၊ မျှဝေရန်၊ ရှာဖွေတွေ့ရှိရန်နှင့် ချိတ်ဆက်ရန်အတွက် အသုံးပြုလျက်ရှိကြပါသည်။ ထို့ကြောင့် TikTok သည် လူတိုင်းအတွက် ဘေးကင်းပြီး စိတ်အပန်းပြေစေသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးရန်နှင့် ပျော်ရွှင်မှုဆောင်ကြဉ်းရန်ဆိုသည့် TikTok ၏ မစ်ရှင်သည် သုံးစွဲသူဘေးကင်းရေးနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိစေရန်ဆိုသည့် ကတိကဝတ်တွင် အလေးထားနေပါသည်။ ထိုကတိကဝတ်အရ TikTok သည် အကောင်းဆုံး အလေ့အကျင့်များကို မျှဝေရန်၊ ဘေးကင်းရေးမူဝါဒများနှင့် Tool များ ဖန်တီးရန်နှင့် ဘေးကင်းရေးနှင့် ပတ်သက်သော အကြံဉာဏ်များ ဖလှယ်ပြီး အားလုံးအတွက် လုံခြုံနွေးထွေးသည့် အသိုက်အဝန်းတစ်ခုဖြစ်စေရန် ကျွမ်းကျင်သူများ၊ NGO များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

အကောင့်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်း

မိမိ၏ TikTok အကောင့်လုံခြုံရေးသည် အရေးကြီးပါသည်။ ၎င်းအတွက် အသုံးပြုသူများအနေဖြင့် အောက်ပါ အချက်များကို လုပ်ဆောင်နိုင်ပါသည်။

၁။ ခိုင်မာပြီး ထူးခြားသော စကားဝှက်များ ဖန်တီးပါ

အနည်းဆုံး စာလုံး ၁၂ လုံး သုံးပါ။

နံပါတ်များနှင့် သင်္ကေတများ ပါဝင်ပါစေ။

၂။ နှစ်ဆင့်အတည်ပြုခြင်း (2-Step Verification) ပြုလုပ်ပါ။

ထိုသို့ပြုလုပ်ပြီး အကာအကွယ်တစ်ခု ထပ်ထည့်ပါ။

၃။ လုံခြုံရေးသတိပေးချက်များကို စောင့်ကြည့်ပါ။

လုံခြုံရေးသတိပေးချက်များကို ပုံမှန်စစ်ဆေးပါ။

ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ချက်မှန်သမျှကို ရှာဖွေတွေ့ရှိရန် အကောင့်ကို အသုံးပြုနေသည့် Device များကို စစ်ဆေးပါ။

၄။ ဖြားယောင်းတိုက်ခိုက်မှုများကို သတိထားပါ။

အမည်မသိ ရင်းမြစ်များမှ အခမဲ့ မက်လုံးများ သို့မဟုတ် လင့်ခ်များကို ပေးပို့လာသည့် ပြင်ပကုမ္ပဏီ ဝဘ်ဆိုက်များကို မယုံကြည်ပါနှင့်။

TikTok မှ ပေးပို့သော တရားဝင် အီးမေးလ်များသည် စကားဝှက်ကို ဘယ်သောအခါမှ တောင်းမည်မဟုတ်ပါ။

၅။ သံသယဖြစ်ဖွယ်အကြောင်းအရာများကို သတင်းပို့ (Report) ပါ။

Spam သို့မဟုတ် ဖြားယောင်းတိုက်ခိုက်မှုဟု ထင်ရသော ဗီဒီယို သို့မဟုတ် မက်ဆေ့ချ်များကို သင်တွေ့ပါက ဗီဒီယိုကို ဖိထားပြီး ပေါ်လာသည့် ‘Report’ ကို နှိပ်၍ သတင်းပို့ပါ။

ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် လုပ်ဆောင်ချက်များ

TikTok သည် သုံးစွဲသူများကို ၎င်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်မူဝါဒများကို နားလည်စေရန်အတွက် မူဝါဒများအား ဖတ်ရှုရန် အားပေးပါသည်။ TikTok မှ အဓိက စုဆောင်းသော အချက်အလက်များတွင် အကောင့်မှတ်ပုံတင်ခြင်းအတွက် ဖုန်းနံပါတ်များ သို့မဟုတ် အီးမေးလ်များနှင့် အသက်အတည်ပြုရန် မွေးနေ့များ ပါဝင်သည်။ အသုံးပြုသူနှင့် သက်ဆိုင်သည့် အကြောင်းအရာဗီဒီယိုများကို အကြံပြုပြီး ပလက်ဖောင်းစွမ်းဆောင်ရည် အကောင်းဆုံးဖြစ်ရန်အတွက် Likes၊ Shares နှင့် အက်ပ်အတွင်း ရှာဖွေမှုမှတ်တမ်းတို့ကိုလည်း စုဆောင်းပါသည်။ အသုံးပြုသူဒေတာကို US၊ Malaysia နှင့် Singapore ရှိ ကာကွယ်ထားသော ဒေတာစင်တာများတွင် သိမ်းဆည်းထားပြီး အိုင်ယာလန်တွင်လည်း ဒေတာစင်တာတစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်ထားရှိပါသည်။
လုံခြုံရေးအတွက် ကတိကဝတ်ပြုခြင်း

TikTok သည် သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်ရန်နှင့် အဆင့်မြင့်လာသည့် လုံခြုံရေး ခြိမ်းခြောက်မှုများထက် ရှေ့ရောက်ပြီး ကာကွယ်နိုင်အောင် ဝီရိယရှိရှိ လုပ်ဆောင်နေပါသည်။ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဖွဲ့သည် ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ခြင်းကို တားဆီးရန် နောက်ဆုံးပေါ် နည်းပညာများနှင့် အလွှာပေါင်းစုံ ကာကွယ်ရေးများကို အသုံးပြုထားပြီး အခြေခံလုပ်ဆောင်ချက်များနှင့် လုပ်ငန်းစဉ်များကို စမ်းသပ်ရန်အတွက် ပြင်ပကျွမ်းကျင်သူများနှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်နေပါသည်။ TikTok သည် HackerOne ၏ ကမ္ဘာလုံးဆိုင်ရာ ချို့ယွင်းချက်နှင့် အားနည်းချက်ကို ထုတ်ဖော်ခြင်းပရိုဂရမ်ကဲ့သို့ မိတ်ဖက်ပူးပေါင်းမှုများမှ တစ်ဆင့် နောက်ဆုံးပေါ် တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်အောင် စဉ်ဆက်မပြတ် တိုးတက်လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဘေးကင်းရေး ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံရှိ သုံးစွဲသူများကို အကာအကွယ်ပေးရန်အတွက် TikTok သည် ဒစ်ဂျစ်တယ်အသိပညာစင်တာပေါ်တွင် “Be Safe with Soe” ဗီဒီယိုစီးရီးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စီးရီးမှ တစ်ဆင့် တိုက်ရိုက်စာတိုပေးပို့ခြင်း၊ ကိုယ်ရေးကိုယ်တာလုံခြုံရေးနှင့် Family Paring ကဲ့သို့သော ဘေးကင်းရေး လုပ်ဆောင်မှုများနှင့် Feature များအကြောင်း မြန်မာအသုံးပြုသူများ သိရှိနားလည်စေရန် ကူညီပေးခဲ့ပါသည်။

သုံးစွဲသူများ၏ ဘေးကင်းရေးကို ရှေးရှုသည့် TikTok ၏ မယိမ်းယိုင်သော ကတိကဝတ်များကြောင့် TikTokသည် တီထွင်ဖန်တီးမှုနှင့် ဖျော်ဖြေရေးအတွက် ယုံကြည်စိတ်ချရသော ပလက်ဖောင်းတစ်ခုအဖြစ် တည်ရှိနေပါသည်။ ဆန်းသစ်သော ချဉ်းကပ်မှုများနှင့် ဖြေရှင်းချက်များကို စဉ်ဆက်မပြတ် ရှာဖွေခြင်းဖြင့် TikTok သည် သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန် ကြိုးစားလျက်ရှိပါသည်။ ထို့အပြင် ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ ပြီးပြည့်စုံသော ဘေးကင်းရေးလုပ်ဆောင်ချက်များကို မိတ်ဆက်ခြင်းဖြင့် TikTok သည် အထူးသဖြင့် မြန်မာနိုင်ငံရှိ သုံးစွဲသူအားလုံးအတွက် လုံခြုံပြီး အပြုသဘောဆောင်သော နေရာတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top