၂၀၁၉ ခုနှစ် Campaign Asia Agency of the Year ဆုပေးပွဲတွင် Mango Group မှ ဆုများစွာ ထပ်မံ ရယူနိုင်ခဲ့

Campaign-Asia-x-Mango-2.jpg
  • Passion Point Media Company Limited သည် နာမည်ကြီး မိတ်ဖက်ကုမ္ပဏီများ၏ အရိပ်အောက်မှ ထိုးဖောက်နိုင်ခဲ့ပြီး Creative Agency of the Year (ငွေတံဆိပ်) ဆုကို ရရှိခဲ့သည်။
  • Wave Digital သည်လည်း Digital Agency of the Year (ငွေတံဆိပ်) ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
  • Mango Media မှာမူ အရှေ့တောင် အာရှဒေသတွင် တစ်ခုတည်းသောဆုဖြစ်သည့် Media Agency of the Year ဆုကို ရယူနိုင်ခဲ့သည်။
  • M eXtra အေဂျင်စီကို ဦးဆောင်သူ ကိုစွမ်းထက်ကလည်း အရှေ့တောင်အာရှဒေသအတွက် Young Achiever of the Year (ရွှေတံဆိပ်) ဆုကို ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော integrated marketing communications company (ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာလုပ်ငန်းများအား မီဒီယာပလက်ဖောင်းမျိုးစုံ အသုံးပြု၍ အဖက်ဖက်မှ ဝန်ဆောင်မှုများအား ပေးအပ်လျက် ရှိသည့် ကုမ္ပဏီ) ဖြစ်သည့် Mango Group သည် စင်ကာပူနိုင်ငံ The Ritz-Carlton, Millenia Singapore တွင် ယမန်နေ့က ကျင်းပခဲ့သည့် Campaign Asia Agency of the Year Awards ဆုပေးအပ်ပွဲတွင် ဆုတံဆိပ်များစွာအား ဆွတ်ခူးရရှိခဲ့သည်။ Mango Group အား လက်ရှိအချိန်တွင် သီးခြားရပ်တည်လျက်ရှိသည့် အေဂျင်စီ ၆ ခု (Mango Advertising Agency, Mango Media Agency, Mangosteen PR Agency, Wave Digital Agency, Passion Point Media Agency နှင့် MeXtra Agency) ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး အေဂျင်စီတစ်ခု ဖြစ်သည်နှင့်အညီ Mango Group ၏ အောင်မြင်မှုမှသည် Client များအတွက် ဈေးကွက်ဖန်တီးနိုင်သော ကုမ္ပဏီတစ်ခုလည်း ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် Passion Point ၊ Wave Digital ၊ Mango Media နှင့် M eXtra တို့သည် ဂုဏ်ယူဖွယ်ရာ ဆုအသီးအသီးကို ဆွတ်ခူးနိုင်ခဲ့သည်။ Passion Point သည် Creative Agency of the Year (ငွေတံဆိပ်) ဆုကို လည်းကောင်း၊ Wave Digital သည် Digital Agency of the Year (ငွေတံဆိပ်) ဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။ Mango Media သည်လည်း အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ဆုဖြစ်သည့် Media Agency of the Year ဆုကို ဂုဏ်ယူစွာ ဆွတ်ခူးနိုင်ခဲ့သည်။ ထို့အပြင် M eXtra ကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သူ ကိုစွမ်းထက်မှလည်း အရှေ့တောင်အာရှဒေသအတွက် Young Achiever of the Year (ရွှေတံဆိပ်) ဆုကို ရယူနိုင်ခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top