ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၄) သန်း ကျော်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

225457165_4533365320008044_2093716542879663515_n.jpg

ရန်ကုန်၊ သြဂုတ် (၂၃)

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းနဲ့ပြည်နယ်တွေမှာ Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း (၄) သန်းကျော်ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လ (၂၁) ရက်နေ့အထိ Covid-19 ကာကွယ်ဆေးထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း (၄,၄၅၆,၈၅၇) ဦး ရှိနေပြီဖြစ်ပြီး အဲ့ဒီထဲမှာ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ (၁,၇၉၆,၈၃၀) ဦးနဲ့ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၂,၆၆၀,၀၂၇) ဦး ပါဝင်ပါတယ်။

Covid-19 ရောဂါနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုတွေ သတ်မှတ်ပြီး ထိုးနှံပေးနေတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင်စီ(နယ်မြေ)နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ရှမ်းပြည်နယ်) တွေထဲမှာ ပါဝင်တဲ့ စုစုပေါင်းမြို့နယ် (၁၁၄) မြို့နယ်ကို နေအိမ်မှာနေထိုင်ရေး(Stay at Home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လ (၂၂) ရက်နေ့ အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၃၇၃,၆၈၅) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၁၄,၃၇၄) ဦးရှိနေပြီဖြစ်ပါတယ်။

Photo- အကျဉ်းဦးစီးဌာန
Cherry(ရိုးရားလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top