သဘာဝအတိုင်း ပန်းရောင်သမ်းတဲ့ ပါးမိုလေးရဖို့ နည်းလမ်းတချို့

24.4.2023-yyl-iamge-14.jpg

မိန်းကလေးတစ်ယောက် သဘာဝအတိုင်း ပါးမို့လေး ပန်းရောင်သမ်းနေရင် အရမ်းဆွဲဆောင်မှုရှိလှပါတယ်။ ပါးမို့လေးပန်းရောင်သမ်းတာက ကျန်းမာရေးကောင်းမွန်တာ၊ တက်တက်ကြွကြွနေတာတွေနဲ့လည်း ဆက်စပ်နေတာပါ။ သင့်ရဲ့ပါးမို့လေး ပန်းရောင်သမ်းနေတယ်ဆိုရင် သွေးကြောတွေ ကျယ်လာပြီး သွေးတွေက အရေပြားရဲ့မျက်နှာပြင်နဲ့ နီးကပ်စွာ စီးဆင်းနေတာကို ညွှန်ပြနေတာပါ။ သဘာဝအတိုင်း ပန်းရောင်သမ်းတဲ့ ပါးမို့လေးရချင်ရင်တော့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတချို့ရှိပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း – ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို တိုးစေပြီး သဘာဝအတိုင်း ပါးမို့လေး ပန်းရောင်သမ်းလာစေနိုင်ပါတယ်

(၂) နှိပ်နယ်ပေးတာ – သင့်ရဲ့ပါးပြင်လေးတွေကို လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို ပိုမိုကောင်းစေနိုင်ပြီး သင့်ပါးပြင်ကို ပန်းရောင်သမ်းလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်

(၃) Face Mask အသုံးပြုပေးတာ – နှင်းဆီရေ၊ ပျားရည်၊ ဒိန်ချဉ်လို သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ face mask ကပ်ပေးတာက သင့်အသားရေကို အာဟာရဖြည့်ပေးပြီး အသားရေလေး တောက်ပြောင်စေပါတယ်

(၄) ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်တာ – အာဟာရကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့တာ စားသုံးပေးတာက သင့်ရဲ့အသားရေကျန်းမာရေးကို ကောင်းမွန်စေပြီး ပန်းရောင်သမ်းတဲ့ပါးမို့လေးကို ပေးစွမ်းနိုင်ပါတယ်

(၅) ရေဓာတ်ပြည့်ဝတာ – ရေများများသောက်ပြီး ရေဓာတ်ထိန်းပေးတာက သင့်အသားရေကို ကျန်းမာလှပစေပြီး တောက်ပြောင်လာစေမှာပါ

(၆) ရေနွေးငွေ့ပေးတာ – မျက်နှာကို ရေနွေးနွေးနဲ့ ရေနွေးငွေ့ပေးတာက ချွေးပေါက်တွေကို ပွင့်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ပန်းရောင်သမ်းတဲ့ပါးမို့လေးကို ပေးစွမ်းနိုင်ပါတယ်

(၇) နေရောင်ကာခရင်မ် – သင့်အသားရေကို နေရောင်ကာခရင်မ်နဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးတာက အသားရေပျက်စီးတဲ့ဒဏ်ကနေ ကာကွယ်ပေးရာရောက်ပြီး အသားရေကျန်းမာလှပစေပါတယ်

လူတိုင်းရဲ့အသားရေက တစ်မူထူးခြားပြီး သင့်အတွက် ဒီနည်းလမ်းတွေ အသုံးဝင်ဖို့ဆိုရင် အချိန်အနည်းငယ်ကြာနိုင်ပါတယ်။

Ref: Home hacks to get rosy cheeks naturally

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top