မြန်မာနိုင်ငံသားတွေရဲ့ဂုဏ်ကိုဆောင်ပေးခဲ့တဲ့ လေးစားဂုဏ်ပြုစရာ တက္ကစီကားဆရာ

yyl-31-038-1.jpg

နိုင်ငံခြားသူတစ်ဦးက နိုင်ငံခြားငွေဒေါ်လာ (၁၀၀) ကျပ်တန်တွေနဲ့ ပတ်စပို့စာအုပ် အပါအဝင်ပစ္စည်းတွေကို တက္ကစီကားဆရာ ကိုအောင်ဇော်မိုးရဲ့ ကားပေါ်မှာ မေ့ကျန်ခဲ့ပါတယ်။ အဲဒီ နိုင်ငံခြားသူကို ကားဆရာကိုဇော်မိုးက သူ့ရဲ့ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ ပစ္စည်းအားလုံးကို မနေ့က (၃၀-၁၀-၂၀၁၉) ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တက္ကစီကားဆရာ ကိုအောင်ဇော်မိုးကတော့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးနဲ့  မြန်မာနိုင်ငံသားတွေရဲ့ဂုဏ်၊ တက္ကစီသမားတွေရဲ့ဂုဏ်ကို ဆောင်ပေးခဲ့တာပါ။ ဒီလိုစိတ်ဓာတ်မျိုး၊ စိတ်ထားမျိုးရှိတဲ့ တက္ကစီကားဆရာကို အားလုံးက ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ပြုထိုက်သင့်ပါတယ်နော်။ တက္ကစီကားဆရာ ကိုအောင်ဇော်မိုးက ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် အမှတ် (၅ဝ) ရပ်ကွက်မှာနေတာ ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်ပရိသတ်တွေလည်း သူ့ကို ဂုဏ်ပြုလိုက်ကြပါဦးနော်..။

Ref: Ko Oo’s facebook

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top