မစ်ဒယ်ဝိတ်(၇၁-၇၅ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ ၅ ချီ တူးတူး(မြန်မာ)-တူတာဗို့(ဥဇဘက်ကစ္စတန်)
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲက လက်ရည်မျှပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပထမအချီမှာ တူးတူးက ညာလက်သီးပစ်သွင်းနိုင်ခဲ့သလို တူတာဗို့ရဲ့ ဘယ်ထောက်လက်သီးကလည်း တူးတူးကို ထိမှန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက မွေထိုင်းမှာ တစ်ကြိမ်ဆုံခဲ့ဖူးပြီး တစ်ယောက်အကြောင်း တစ်ယောက် သိနေလို့ သူတစ်ပြန်၊ ကိုယ်တစ်ပြန် အနေအထားဖြစ်ခဲ့ပါတယ်။ တူတာဗို့က သူ အားသန်တဲ့ ဘယ်ထောက်လက်သီးနဲ့ တူးတူးကို အခက်တွေ့စေခဲ့သလို တူးတူးကလည်း ညာဝိုက်လက်သီးနဲ့ တူတာဗို့ကို တုံ့ပြန်ခဲ့ပါတယ်။
ဒုတိယအချီမှာ အချီပြည့်ခေါင်းလောင်းတီးတော့မှ တူတာဗို့က လက်နဲ့ဆတ်ခနဲ ထိုးခဲ့လို့ အငြင်းပွားစရာ ဖြစ်ခဲ့သလို နောက်ဆုံးအချီမှာ တူးတူးက သူ့မျက်စိကို လက်နဲ့နှိုက်တယ်လို့ တူတာဗို့က စောဒကတက်ခဲ့ပါတယ်။ ၅ ချီပြည့်ချိန်အထိ ပွဲမပြတ်လို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ တူတာဗို့က (၂-၁)နဲ့ အနိုင်ရပြီး တူးတူးရဲ့မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။
Team(ရိုးရာလေး)