ဖျော်ဖြေရေးခရီးစဉ်မှာ စပိုက်စ် ဂဲလ်စ် (Spice Girls) အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းဖို့ငြင်းဆန်လိုက်တဲ့ ဗစ်တိုးရီးယား ဘက်ခမ်း

40215534_1158538047631273_4500413075169476608_n.jpg

စပိုက်စ် ဂဲလ်စ် (Spice Girls) အဖွဲ့အနေနဲ့ ပြန်လည်ပေါင်းစည်းဖို့ အတည်ပြု ကြေညာခဲ့ပေမဲ့ ဗစ်တိုးရီးယားဘက်ခမ်း တစ်ယောက်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၉ မှာပြုလုပ်မယ့် ယူကေ ဖျော်ဖြေရေး ပွဲစဉ်တွေမှာ အဖွဲ့ဝင်ဟောင်းတွေနဲ့ အတူတူ ဗစ်တိုးရီးယားကတော့ ပါဝင်ဖျော်ဖြေမှာ မဟုတ်ပါဘူး။

အရင်တုန်းက အောင်မြင်ခဲ့တဲ့ သူတို့ရဲ့ သီချင်းတွေကို စင်ပေါ်မှာ ဖျော်ဖြေဖို့ အသင့်ဖြစ်နေတဲ့ Spice Girls အဖွဲ့ဝင်တွေကတော့ မယ်လာနီဘရောင်း (Melanie Brown) ၊ ဂယ်ရီဟော်နာ (Geri Horner) ၊ အမ်မာဘန်တန် (Emma Bunton) နဲ့ မီလိန်း (Melaine ) တို့ပဲ ဖြစ်ပါတယ်။ ဖျော်ဖြေရေး ပွဲလက်မှတ်တွေ အကုန် ရောင်းထွက်သွားခဲ့မယ်ဆိုရင် အဖွဲ့ဝင်တစ်ယောက်ချင်းစီဟာ ခန့်မှန်းခြေ စတာလင်ပေါင် ၁၂ သန်းစီ ရရှိမှာ ဖြစ်ပါမယ်။ ဒီလောက်များတဲ့ပမာဏကို ရရှိမယ်ဆိုတဲ့ အခွင့်အရေးက ငွေကြေးအခက်အခဲဖြစ်နေတဲ့ မယ်လာနီလဘရောင်း အတွက်ကတော့ မက်လောက်စရာ ဖြစ်နေပါတယ်။

Spice Girls အဖွဲ့ ပြန်ပေါင်းစည်းတော့မယ်ဆိုတဲ့ သတင်းက ဗစ်တိုးရီးယားအပါအဝင် အဖွဲ့ဝင်ငါးယောက်ရဲ့ ဆယ်လ်ဖီပုံကို တင်ခဲ့ရာက စပါတယ်။ အဖွဲ့မန်နေဂျာ ဖြစ်တဲ့ ဆိုင်မွန် က Spice Girls အဖွဲ့ရဲ့ မူလ အောင်မြင်မှုကို တစ်ဖန်ပြန်လည် ဖန်တီးဖို့ အခွင့်အရေးအသစ်တွေကို ရှာဖွေကြမယ်ဆိုတဲ့ ပြောကြားချက်ကြောင့် ပရိသတ်တွေကတော့ သူတို့အဖွဲ့က တူတူဖျော်ဖြေပွဲလုပ်မှာလား ဒါမှမဟုတ် သီချင်းအယ်ဘမ်အသစ်ထွက်မလား ဆိုတာကို စိတ်ဝင်စားနေကြတာပါ။

ဒါပေမဲ့ ပြန်လည်ပေါင်းစည်းကြမလားဆိုတဲ့ အထင်အမြင်တွေ အားလုံးက ဗစ်တိုးရီးယားရဲ့ ငြင်းဆန်မှုနဲ့တင် လွင့်ပြယ်ခဲ့ရပါတယ်။ အတွင်းသတင်းအရ ဗစ်တိုးရီးယားနဲ့ အဖွဲ့ဝင်မိန်းကလေးတွေကြား အငြင်းပွားမှုတွေရှိခဲ့ပြီး အဖွဲ့က ဖရိုဖရဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင်တွေကြား ဖြစ်ပျက်သမျှ အကြောင်းအရာအစုံကို စာအုပ်ထုတ်ပြီး ဝင်ငွေရှာခဲ့တဲ့ မယ်လာနီကြောင့် ပြန်လည်ပေါင်းစည်းမှုအရေးက ပိုလို့ ဝေးကွာခဲ့ပါတယ်။

ပလက်တီနမ်ရောင်းအားတွေထိ စံချိန်ချိုးနိုင်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ပေါ့ပ်အဖွဲ့အဖြစ် တစ်ခေတ်တစ်ခါက အုပ်စိုးခဲ့တဲ့ Spice Girls အဖွဲ့ရဲ့ တစ်ချိန်က ဓာတ်ပုံတွေကိုလည်း အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Ref: DailyMail “Victoria Beckham ‘REFUSES to join the Spice Girls for a 13-date reunion tour in 2019”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top