ရှရွတ်ခန်းရဲ့ဇာတ်ကားအသစ်မှာ အထူးသရုပ်ဆောင်အနေနဲ့ ဆယ်လ်မန်ခန်းပါဝင်မယ်

15-12-2020-yyl10.jpg

ရိုက်ကူးရေး (၂)နှစ် ကြာ နားထားခဲ့တဲ့ ဘောလိဝုနာမည်ကျော်မင်းသား ရှရွတ်ခန်းကို ပရိသတ်တွေက Pathan ဆိုတဲ့ဇာတ်ကားနဲ့ မြင်တွေ့ရတော့မှာပါ။ အဲဒီဇာတ်ကားရိုက်ကူးဖို့အတွက် ရှရွတ်ခန်းဟာ နိုဝင်ဘာလကတည်းက မွမ်ဘိုင်းမှာ အလုပ်များနေတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း ပရိသတ်တွေက ရှရွတ်ခန်းကို ဆံပင်စတိုင်အသစ်နဲ့ တွေ့ခဲ့ရတာကြောင့်လည်း ဒီဇာတ်ကားကို ကြည့်ချင်နေကြပါပြီ။ ပရိသတ်တွေက ရှရွတ်ခန်းရဲ့ဇာတ်ကားကို အရမ်းကြည့်ချင်စိတ်ဖြစ်စေမယ့် နောက်ထပ်အကြောင်းအရင်းရှိပါသေးတယ်။ ဒါကတော့ အဲဒီဇာတ်ကားအသစ်မှာ နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းက အထူးသရုပ်ဆောင်အနေနဲ့ ပါဝင်လာမှာဖြစ်လို့ပါပဲ။

သတင်းထွက်ရှိချက်တွေအရ ဆယ်လ်မန်ခန်းက သူ့ရဲ့Tiger Zinda Hai ဇာတ်ကားမှ Tiger ဇာတ်ကောင်အနေနဲ့ပဲ Pathan ဇာတ်ကားမှာ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Pathan ဇာတ်ကားက RAW(Research and Analysis Wing) အစိုးရအေဂျင်စီရဲ့အေးဂျင့် (၂) ဦးအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက် ရှရွတ်ခန်းနဲ့ ဆယ်လ်မန်ခန်းတို့ကို အတူတွဲတွေ့ကြရမှာဖြစ်ပါတယ်။

ဆယ်လ်မန်က သူ့ရဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့အတွက် နောက်နှစ်ဇန်နဝါရီလအလယ်မှာ ဒူဘိုင်းကို သွားမယ်လို့ သိရပါတယ်။ အထူးသရုပ်ဆောင်အနေနဲ့ သူ ပါဝင်မှုက (၁၅) မိနစ်သာ ကြာမြင့်မှာဖြစ်တယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။ Pathan ဇာတ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် ရှရွတ်ခန်းအပါအဝင် ဒီပီကာ ပါဒူကွန်း၊ ဂျွန် အာဘရဟမ်တို့လည်းပါဝင်မှာဖြစ်ပါတယ်။

ရှရွတ်ခန်းက Pathan ဇာတ်ကားအပြင် နောက်ထပ်ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိပါတယ်။ ဆယ်လ်မန်ခန်းကိုလည်း Radhe ဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်တဲ့အပြင် ၂၀၂၁ခုနှစ်မှာ ရုံတင်ဖို့စီစဉ်ထားတဲ့ Kabhi Eid Kabhi Diwali ဇာတ်ကားနဲ့ Kick 2 ဇာတ်ကား (၂) ကားလုံးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: Tribune “Salman Khan joins SRK in ‘Pathan'”
WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top