သေနတ်နဲ့ဆယ်လ်ဖီရိုက်ရင်း ကလေးကို ပစ်မိခဲ့လို့ ကလေးထိန်းအမျိုးသမီး ဖမ်းဆီးခံရ

intl04.jpg

ကလေးထိန်း အမျိုးသမီးတစ်ယောက်က သေနတ်ကိုင်ပြီး ဆယ်လ်ဖီရိုက်ခဲ့လို့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက် သေနတ်ထိမှန်ခဲ့တယ်လို့ ဟူစတန်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုက်တလင်းစမစ်က သေနတ်မောင်းမတင်ထားဘူးထင်ပြီး ခလုပ်ပေါ် လက်တင်လိုက်ရာမှာ ကျည်ထွက်သွားခဲ့တာလို့ ယူဆထား ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်ကြောင့် အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ကိုက်တလင်းစမစ်ကို ကလေးသူငယ် ဒဏ်ရာရစေမှု၊ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှု စတဲ့ စွဲချက်တွေနဲ့ စွဲချက်တင်ထားပါတယ်။ ကိုက်တလင်းစမစ်ဟာ ကလေးငယ်ရဲ့အဒေါ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပါတယ်။ ကလေးငယ်ရဲ့ ဗိုက်ကို သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့ပေမဲ့ အကောင်းအတိုင်း ပြန်သက်သာလာဖွယ်ရှိနေပါတယ်။

သေနတ်ကိုင်အကြမ်းဖက်မှု မှတ်တမ်းတွေအရ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၆၁၅၅ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေထဲမှာ လူ ၃၂၁ ယောက်က မတော်တဆပစ်မိခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံး/ဒဏ်ရာရခဲ့တဲ့ အသက် ၁၈ နှစ်အောက်အရွယ်ရှိသူ ၃၇၆၀ ယောက်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply