လူသားနဲ့တစ်ထပ်တည်းနီးပါးတူတဲ့ အမျိုးသမီး ဉာဏ်ရည်တု သတင်းတင်ဆက်သူ

al.jpg

တရုတ်ပြည်က ရှင်ဟွာ (Xinhua) သတင်းဌာနဟာ လူသားပုံစံကို စံနမူနာပြုကာ ဉာဏ်ရည်တု (AI) စနစ် နဲ့ဖန်တီးထားပြီး လူသားနဲ့တစ်ထပ်တည်းနီးပါးတူတဲ့ အမျိုးသမီး ဉာဏ်ရည်တုသတင်းအစီအစဉ်တင်ဆက်သူ ကို စတင်မိတ်ဆက်လို့ ပွဲထုတ်လာခဲ့ပြီဖြစ်ပါတယ်။ ဉာဏ်ရည်တု သတင်းတင်ဆက်သူဟာ တကယ့် ပရော်ဖက်ရှင်နယ်သတင်းတင်ဆက်သူလို လေယူလေသိမ်း၊ နှုတ်ခမ်းလှုပ်ရှားပုံ၊ အသံနေအသံထားအနိမ့်အမြင့်တွေနဲ့ သဘာဝကျကျပဲ သတင်းကိုဖတ်ကြားနိုင်တဲ့အပြင် (၂၄) နာရီပတ်လုံး အလုပ်လုပ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါဟာ ရှင်ဟွာသတင်းဌာနက အမျိုးသမီးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Qu Keng ကို စံနမူနာပြုဖန်တီးထားတာပါ။ သူ့ရဲ့နာမည်က Xin Xiomeng ဖြစ်ပြီး လာမယ့်မတ်လက စလို့ သတင်းအစီအစဉ်တွေကို စတင်ဖတ်ကြားတင်ဆက်တော့မှာဖြစ်တယ်လို့ ရှင်ဟွာက တရားဝင်ကြေငြာသွားခဲ့ပါတယ်။

AI တင်ဆက်သူတွေရဲ့ အကျိုးကျေးဇူးတွေကတော့ သတင်းဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် နဲ့ ဆိုရှယ်မီဒီယာတွေမှာ (၂၄) နာရီပတ်လုံး သတင်းကိုကြေငြာပေးနေနိုင်မှာဖြစ်ပြီး အရေးပေါ်သတင်းတွေထုတ်လွှင့်ရာမှာလည်း ကုန်ကျစရိတ်သက်သက်သာသာနဲ့ ပိုမိုထိရောက်စွာပံ့ပိုးပေးနိုင်တာလည်းဖြစ်ပါတယ်။

ရှင်ဟွာကနေ ဉာဏ်ရည်တုတင်ဆက်သူတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက စတင်မိတ်ဆက်ပေးလာခဲ့တာဖြစ်ပြီး ယင်းတို့ရဲ့ သတင်းထုတ်လွှင့်တင်ဆက်မှုပေါင်း (၃၄၀၀) ကျော်ရှိလာခဲ့ပြီဖြစ်သလို မိနစ်ပေါင်း (၁) သောင်းကျော်တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

တရုတ်ပြည်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းကစလို့ နည်းပညာပိုင်းမှာ ဉာဏ်ရည်တုဖန်တီးတိုးတက်မှုတွေနဲ့အတူ ရှေ့ဆုံးကဦးဆောင်လာနိုင်နေတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတာပါ။ အခြားတစ်ဖက်မှာလည်း ဉာဏ်ရည်တုစနစ်ဟာ လူသားကိုအမှန်စင်စစ်အစားထိုးပေးနိုင်မှာလား ဆိုတဲ့ အငြင်းပွားဖွယ် မေးခွန်းတွေလည်းထွက်ပေါ်နေဆဲပါပဲ။

Ref: Dailymail ” Chinese state news agency unveils its first female AI anchor…..”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top