လည်ပင်းထိနက်တဲ့ အမှိုက်တောထဲမှာကူးခတ်ပြီး အမှိုက်တွေဖယ်ရှားခဲ့ရတဲ့ သန့်ရှင်းရေးသမားများ

13-7-2020-yyl-001-1.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လမ်းသန့်ရှင်းရေးသမားတွေဟာ ဝတ်စုံမပါဘဲ လည်ပင်းထိနက်တဲ့ အမှိုက်သရိုက်ကြားမှာ ကူးခတ်ပြီး အမှိုက်တွေ ရှင်းလင်းခဲ့ကြရပါတယ်။ သူတို့နိုင်ငံရဲ့ တူးမြောင်းတွေမှာ အမှိုက်တွေကို ရှင်းလင်းနေတဲ့ အဲဒီသန့်ရှင်းရေးသမားတွေရဲ့ ပုံတွေကို ရိုက်ကူးထားတာတွေ့မြင်ရပါတယ်။ ကပ်ရောဂါအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တူးမြောင်းတွေမှာ အမှိုက်သရိုက်တွေ များလာခဲ့တဲ့အတွက် ပရဟိတ လမ်းသန့်ရှင်းရေးသမားတွေက သူတို့ရဲ့ခေါင်းကို ကာကွယ်ဖို့အတွက်သာ ပလတ်စတစ်အိတ်တွေကို ဝတ်ဆင်ပြီး အမှိုက်တောထဲ ကူးခတ်ကာ သန့်ရှင်းရေးလုပ်နေရပါတယ်။

သူတို့ ကူးခတ်နေတဲ့ရေတွေက တူးမြောင်းထဲက အမှိုက်တွေနဲ့ပြည့်နေတဲ့ရေပါပဲ။ တူးမြောင်းထဲမှာ မြို့နေထိုင်သူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်ပမာဏကြီးက များပြားလှတာကြောင့် တူးမြောင်းမှာ ပြည့်နှက်သွားခဲ့ပါတယ်။ အဲဒီအမှိုက်ပုံကြီးက ဒါကာမြို့ရဲ့အနောက်မြောက်ဘက် (၂၄) ကီလိုမီတာမှာ တည်ရှိပါတယ်။ ဆာဗာမြို့ရဲ့တူးမြောင်းမှာ ပိတ်ဆို့နေတဲ့ အမှိုက်အိတ်တွေ၊ ပလတ်စတစ်ဘူးခွံတွေ၊ အစားအစာအိတ်တွေ၊ စွန့်ပစ်အမှိုက်တွေအပါအဝင် အမှိုက်ပုံကြီးကို ပုံတွေထဲမှာ မြင်တွေ့ရမှာပါ။ သန့်ရှင်းရေးသမားတွေက နေရာ (၅၀) က အိမ်သုံးစွန့်ပစ်ပစ္စည်းတွေ၊ ပလတ်စတစ်အမှိုက်တွေ၊ စက်ရုံသုံးနဲ့ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေကို ရှင်းလင်းခဲ့ရတယ်လို့ New Age Bangladesh အရ သိရပါတယ်။ အဲဒီဧရိယာက အာဏာပိုင်တွေက မြစ်နဲ့ဆက်သွယ်ထားတဲ့ နေရာတွေမှာ အမှိုက်သရိုက် တန်ချိန် (၂၀၀) နေ့တိုင်း စုဆောင်းရမိခဲ့တယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ကို ပျက်စီးနေတဲ့ စွန့်ပစ်အမှိုက်တွေကို ရပ်တန့်ပစ်ဖို့အတွက် နိုင်ငံရဲ့မြစ်တွေအားလုံးက လူသားတွေနဲ့တန်းတူ ဥပဒေဆိုင်ရာ အခွင့်အရေးသတ်မှတ်ချက်တွေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်တရားရုံးက ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။ ဂျူရီအဖွဲ့ရဲ့ဆုံးဖြတ်ချက်က ထူးခြားပြီး မြေတွေကို ကယ်တင်ဖို့အတွက် အကူအညီဖြစ်ခဲ့ပါတယ်။ ဒါက ဘူရီဂန်ဂါ၊ တူရာဂျ်၊ ဘာလူ၊ ရှီတလက်ခ်ခါရာမြစ်တွေမှာရှိတဲ့ ဆိပ်ကမ်းတွေကနေ တရားမဝင်ဖွဲ့စည်းတည်ဆောက်မှု (၁၅,၁၇၅) ကိုဖယ်ရှားစေခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။ မြစ်ကမ်းပါး ဧက (၅၆၆.၁၂) ကို ပြန်လည်ထိန်းထားနိုင်ခဲ့ပါတယ်။

ဆာဗာမြို့တော်ဝန် အာဒူ ဂိုနီကလည်း အခုအချိန်ထိ စွန့်ပစ်ပစ္စည်းဧရိယာ သေချာမရှိတဲ့အတွက် မြေနိမ့်ရာမှာ သတ်မှတ်မယ်လို့ ပြောပါတယ်။ နောက်တစ်ဆင့်အနေနဲ့ အခုဆိုရင် စည်ပင်သာယာရေးအဖွဲ့က စွန့်ပစ်အမှိုက်တွေကို အထူးစီမံပေးနိုင်တဲ့ ဖင်လန်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပါပြီ။ ဘေးကင်းစွာနဲ့ စွန့်ပစ်အမှိုက်တွေကို ဖယ်ရှားပစ်ဖို့အတွက် အစီအစဉ်ရှိနေပြီဖြစ်တဲ့အတွက် အခြေအနေတွေ တိုးတက်လာဖို့ မျှော်လင့်ခဲ့တယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

Ref: Bangladesh Street Cleaners Wearing Just Plastic Hats As PPE Swim Up To Their Necks In Rubbish

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top