လူ (၅၀) ကျော်နဲ့ ပါတီပွဲကျင်းပခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး ပေါင် (၁၀,၀၀၀) ဒဏ်ရိုက်ခံခဲ့ရ

14-9-2020-yyl-005.jpg

လူပေါင်းများစွာ သေဆုံးနေရတဲ့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး စည်းမျဉ်းစည်းကမ်းတွေကို နိုင်ငံတော်တော်များများက ချမှတ်ထားရပါတယ်။ ချမှတ်ထားတဲ့စည်းမျဉ်းကို လွန်ဆန်ရင်တော့ ငွေဒဏ် (သို့) ပြစ်ဒဏ်တို့နဲ့ အပြစ်ပေးခံရနိုင်ပါတယ်။ အခုလည်း အင်္ဂလန်နိုင်ငံ၊ နော့်တင်ဂမ်မြို့ (Nottingham) က ဆယ်ကျော်သက်လေးတစ်ဦးက အစိုးရရဲ့စည်းမျဉ်းအသစ်မချမှတ်ရသေးခင်မှာ လူများစွာနဲ့ ပါတီပွဲ ကျင်းပခဲ့လို့ ပေါင် (၁၀,၀၀၀) ဒဏ်ရိုက်ခံခဲ့ရပါတယ်။ သောကြာနေ့ည ၁၀နာရီ ၂၀ မိနစ်အချိန်မှာ စုဝေးလူဝေးအများကြီးနဲ့ ပါတီပွဲကျင်းပနေတယ်ဆိုတာကို Nottinghamshire Police ကို အိမ်နီးနားချင်းတွေက သတိပေးခဲ့ပါတယ်။

အသက် (၁၉) နှစ် ဆယ်ကျော်သက်ကောင်လေး ဒဏ်မရိုက်ခံရခင်က Community Protection အရာရှိတွေက ညနေ့အစောပိုင်းလောက်မှာ သူ့ရဲ့အိမ်ကို လာပြီး ပါတီပွဲမကျင်းပဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ရဲတွေရောက်လာတဲ့အချိန်မှာ လူ (၅၀) ဝန်းကျင်ကို တွေ့ခဲ့ရပြီး အိမ်ထဲကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ ဒဏ်ငွေဆောင်ဖို့ ပျက်ကွက်ရင်း တရားရုံးထိတက်ရမယ်လို့ ရဲက ဆယ်ကျော်သက်ကောင်လေးကို သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ပါတီကျင်းပခဲ့တဲ့နေရာက ကျောင်းသား(၆) ဦးအတွက် အိမ်ဖြစ်ပါတယ်။ ပါတီပွဲကျင်းပခဲ့တဲ့ ဆယ်ကျော်သက်က ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

“ပါတီအသေးလေးလုပ်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ ကျွန်တော်တို့တွေ လူ (၂၅) ဦးကို ဖိတ်ကြားခဲ့ပြီး ခြံအပြင်ဘက်မှာပါ။ ည ၁၁ နာရီ အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ကျွန်တော်တို့ Social Distancing လုပ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော်တို့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေက သူတို့ရဲ့အပေါင်းအဖော်တွေကို ဆက်ဖိတ်ကြားခဲ့လို့ လူများသွားခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ်”လို့ ဆိုပါတယ်။

“ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါရဲ့အလယ်မှာ ကျွန်တော်တို့ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့အားလုံး သတိရဖို့လိုပါတယ်။ ကျွန်တော်တို့အားလုံး လုပ်ရပ်အတွက် တာဝန်ယူဖို့လိုပါတယ်။ ဒီပါတီက အခြားသူတွေကို ဂရုမစိုက်ဘဲ စည်းမျဉ်းကို လွန်ဆန်ခဲ့တဲ့ အိမ်ရှင်တစ်ယောက်ရဲ့ထင်ရှားတဲ့သာဓကတစ်ခုပါပဲ။ ကျွန်တော်တို့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အာဏာအပြည့်အဝအသုံးပြုလို့ရပါတယ်။ လက်ရှိစည်းမျဉ်းတွေအောက်မှာ လူ (၃၀) ကျော်စုဝေးပြီး ဧည့်ခံနေတဲ့ ဘယ်သူကိုမဆို ပေါင် (၁၀,၀၀၀) နဲ့ အထက် ဒဏ်ရိုက်လို့ရပါတယ်။ အခုဆိုရင် လူ (၆) ဦးထက်ပိုပြီး စုဝေးလို့မရတော့ဘူးဖြစ်တဲ့အတွက် စည်းမျဉ်းတွေက ပိုပြီးတော့တောင် တင်းကျပ်လာပါပြီ”လို့ Nottinghamshire Police က ဒုရဲမှူးချုပ် စတီဗ် ကော်ပါ (Steve Cooper) က ပြောပါတယ်။

Ref: Ladbible “Teenager Fined £10,000 For Hosting House Party With 50 Guests”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top