ကိုဗစ်ပိုးတွေ့လို့ ပိတ်ရတော့မယ့် အိမ်နီးချင်းရဲ့ဆိုင်ကို ကူညီဖွင့်ပေးခဲ့တဲ့ အမျိုးသား

23-11-2020-yyl-017.jpg

နယူးဂျာဇီပြည်နယ်က Wurstbar ဆိုတဲ့ ဆိုင်လေးက ဝန်ထမ်းများများစားစားမရှိပေမဲ့လည်း ဆိုင်ကတော့ ပုံမှန်လှည့်ပတ်နေတာပါပဲ။ ဒါပေမဲ့ အဲဒီဆိုင်က ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့အချိန်မှာတော့ ဆိုင်လှည့်ပတ်မှုကို ရပ်တန့်ပစ်ရမလိုဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကြင်နာတတ်တဲ့ အိမ်နီချင်းတစ်ဦးက ဘီယာနဲ့ကော့တေးကို အဓိကရောင်းတဲ့ အဲဒီစားသောက်ဆိုင်ကို ဆက်လက်လှည့်ပတ်နိုင်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။

ဝန်ထမ်းတစ်ဦးက ကိုဗစ်ရောဂါပိုးရှိနေတယ်လို့ အသိပေးတော့ ဝန်ထမ်းတွေ Quarantine ခံယူနိုင်ဖို့ ဆိုင်ကိုပိတ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုခက်ခက်ခဲခဲချခဲ့ရတယ်လို့ စားသောက်ဆိုင်ပိုင်ရှင် အာရွန် ခန် (Aaron Kahn) က ပြောပါတယ်။ ဝန်ထမ်းပိုးတွေ့လို့ ဆိုင်က ယာယီပိတ်ရတော့မှာဖြစ်ပေမဲ့ အခုလိုအချိန်အခါမျိုးမှာ ငွေအများကြီးရှာနိုင်တယ်ဆိုတာ အာရွန်ခန်က သိခဲ့တယ်။ အဲဒါနဲ့ သူ့ရဲ့အိမ်နီးချင်းဆံပင်ညှပ်ဆိုင်ပိုင်ရှင် အန်ဒရီ ဖာဆာ (Andre Fersa) ကို အာရွန်ခန်က စားသောက်ဆိုင်ဖွင့်ဖို့ အခက်အခဲရှိနေကြောင်း ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးက တစ်ခုခုဆို အပြန်အလှန်ဖလှယ်တတ်ကြပါတယ်။ ဖာဆာက အာရွန်ဆီက အအေးနဲ့မုန့်ရရင် သူက ဆံပင်အလကားညှပ်ပေးတတ်ပါတယ်။ အာရွန်က ဖာဆာကို သူ့ဆိုင်အခြေအနေအကြောင်းပြောပြတော့ ဖာဆာကလည်း စားသောက်ဆိုင်ကို လှည့်ပတ်ပေးမယ်လို့ ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ အစကတော့ စနောက်ပြီး ပြောခဲ့တာပါပဲ။ ဒါပေမဲ့ အာရွန်က ဖာဆာကို ဆိုင်ဖွင့်ဖို့ ခေါ်တော့ သူ့လက်နဲ့ စားသောက်ဆိုင်ကို လှည့်ပတ်ဖို့ စိတ်လှုပ်ရှားခဲ့ရပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာ ဖာဆာနဲ့ သူ့သူငယ်ချင်း ဂျိုးတို့က အာရွန်ရဲ့ဆိုင်မှာ တာဝန်စပြီး ထမ်းဆောင်ခဲ့ရပါတယ်။ ဖောက်သည်တွေကို ဘယ်လိုဧည့်ခံရမယ်ဆိုတာကို သိရအောင် အရင်ဆုံးအချိန်ပေးဖြစ်ခဲ့ပါတယ်။ ဖာဆာနဲ့ သူ့သူငယ်ချင်းတို့က စားသောက်ဆိုင်ကို ဖွင့်ဖူးတဲ့ အတွေ့အကြုံမရှိပေမဲ့ အတော်လေးတော့ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အစကတော့ အာရွန်ခန်က သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ယာယီပိတ်ရတော့မလိုဖြစ်ခဲ့ပေမဲ့ ဖာဆာပေါ်လာတဲ့အချိန်မှာ အရာရာအဆင်ပြေသွားခဲ့ပါတယ်။ “ကျွန်တော်ကို စိတ်သက်သာရာရစေခဲ့ပါတယ်။ ကျွန်တော်ကို အားတတ်စေခဲ့သလို ခံစားချက်လည်းကောင်းစေပါတယ်။ အဲဒီနေ့မှာ အိမ်နီးချင်းတွေကို ဘီယာအလကားတိုက်မယ်ဆိုရင်တောင် ကျွန်တော် ဆုံးဖြတ်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီး ကောင်းတယ်လို့ ခံစားနေရတုန်းမှာပါ” လို့ အာရွန်ခန်က ပြောပါတယ်။

အာရွန်ခန်က ဖာဆာ စားသောက်ဆိုင်လှည့်ပတ်ရတာ လွယ်ကူစေဖို့အတွက် ကော့တေးမပါဘဲ ဘီယာချည်းပါတဲ့ အတိုချုံးထားတဲ့မီနူးတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ဖာဆာ လုပ်နိုင်လိမ့်မယ်လို့လည်း အာရွန်ခန်က ယုံကြည်ခဲ့တယ်လို့ ဆိုပါတယ်။ ဖာဆာက တစ်နေ့တည်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဆံပင်ညှပ်ဆရာကနေ အဖျော်ယမကာသမားတစ်ယောက်ဖြစ်သွားခဲ့တာပါ။ ဖာဆာက သူ့ရဲ့ကယ်တင်ရှင်ဖြစ်ကြောင်း၊ သူ လုပ်နိုင်မယ်ဆိုရင် အခြားသူတွေကိုလည်း ဖာဆာလိုမျိုး ကူညီပေးချင်ကြောင်း အာရွန်ခန်က ပြောပါတယ်။ အာရွန်ခန်းက ဖာဆာကို သူ ကူညီပေးသလိုပဲ ပြန်ပြီးကျေးဇူးဆပ်ချင်ပါတယ်တဲ့။ ဒါပေမဲ့ သူ ဆံပင် ဘယ်လိုညှပ်ရလဲဆိုတာ မသိဘူးလို့ ဆိုပါတယ်။

Ref: CBSNews “Barbershop owner helps run neighbor’s restaurant after its staff was exposed to COVID-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top