TrueMoney Myanmar သည် ၎င်း၏ TrueMoney Care အစီအစဉ်မှတဆင့်အိမ်တိုင်ရာရောက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများအား ပေးအပ်ခဲ့

Photo-1_Managing-Director-of-TrueMoney-Myanmar-hand-overs-health-insurance-coverage-to-territory-distributor.jpg

၎င်းနှင့် လက်တွဲဆောင်ရွက်လျက် ရှိသည့် မိတ်ဖက်များအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းကို ပြသသည့် အနေနှင့် TrueMoney Myanmar သည် စုစုပေါင်း အကျိုးခံစားခွင့် ပမာဏ ငွေကျပ် ၃.၂ ဘီလီယံရှိ ကျန်းမာရေးအာမခံ အကာအကွယ်များအား လုပ်သက်ကြာ အေးဂျင့်များနှင့် ၎င်းတို့၏ ‌ဒေသအတွင်းဖြန့်ဖြူးသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် ကျန်းမာရေးသည် ယခင်ကထက် ပိုမို အရေးပါလာသည့် အချက်ကို သိရှိသဘောပေါက်သည်နှင့်အညီ TrueMoney Myanmar သည် အထူးသဖြင့် ယခုကဲ့သို့သော မကြုံစဖူး အခြေအနေအတွင်း အေးဂျင့်များအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့လိုသော ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ TrueMoney Myanmar သည် ၎င်း၏ လုပ်သက်ကြာ အေးဂျင့်များနှင့် ‌ဒေသအတွင်းဖြန့်ဖြူးသူများအား မြန်မာ့အာမခံလုပ်ငန်းမှ တစ်နှစ်သက်တမ်းရှိ အသက်အာမခံ အကာအကွယ်များ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပြီး အဆိုပါ အာမခံသည် နာမကျန်းဖြစ်ခြင်း၊ မတော်မဆထိခိုက်မှု ဖြစ်ပွားခြင်း နှင့် COVID-19 ရောဂါဖြစ်ပွားခြင်းများကြောင့် ဆေးရုံတက်ရောက်ရပါက ကုန်ကျစရိတ်များအတွက် ရက် ၆၀ အထိ ငွေသားအကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ အထက်ပါ ဖြစ်စဉ်များကြောင့် သေဆုံးခြင်းများအတွက်လည်း အာမခံလျော်ကြေးငွေ ရရှိမည် ဖြစ်သည်။ ထို့အပြင် အာမခံနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများအား ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ရည်ရွယ်ချက်ဖြင့် TrueMoney Myanmar သည် မြန်မာ့အာမခံလုပ်ငန်း၏ အကူအညီဖြင့် အေးဂျင့်များနှင့် ဒေသအတွင်းဖြန့်ဖြူးသူများအား ထောက်ပံ့ပေးအပ်ခဲ့သည့် ကျန်းမာရေး အာမခံ အကာအကွယ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့သည်။

အလားတူပင် TrueMoney Myanmar သည် ၎င်း၏ တန်ဖိုးထားရသော အသုံးပြုသူများ ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆောင်း အခကြေးငွေ ပေးစရာမလိုသော အိမ်တိုင်ရာရောက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုကိုလဲ မကြာသေးမီက မိတ်ဆက်ခဲ့ပြီး အဆိုပါ ဝန်ဆောင်မှုအရ အသုံးပြုသူများ အနေနှင့် ယခုကဲ့သို့ Covid 19 ကာလတွင် အိမ်ပြင်ထွက်စရာမလိုပဲ အဆင်ပြေလွယ်ကူစွာဖြင့် ငွေလွှဲငွေထုတ် လုပ်ဆောင်ချက်များအား ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်သည်။ ငွေလွှဲငွေထုတ်ပမာဏ ငွေကျပ် ၁ သိန်းနှင့်အထက် လုပ်ဆောင်လိုသည့် အသုံးပြုသူ မည်သူမဆို ရယူအသုံးပြုသွားနိုင်မည့် အဆိုပါ ဝန်ဆောင်မှုအား ယခုလက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် ပေးအပ်ထားလျက် ရှိပြီး ကျန်ရှိနေသည့် မြို့နယ်များတွင်လည်း တိုးချဲ့ပေးအပ်သွားရန် လုပ်ဆောင်လျက် ရှိသည်။

(အသေးစိတ်အချက်အလက်များအား https://truemoney.com.mm/door2door/တွင် ဝင်ရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။)

“တာဝန်သိကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ TrueMoney Myanmar ဟာ ပုံမှန်အခြေအနေမှာရော၊ အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာပါ မြန်မာပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ယုံကြည် စိတ်ချရမှု အရှိဆုံးနဲ့ အဆင်ပြေလွယ်ကူမှု အရှိဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်သွားနိုင်ဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ရဲ့ အေးဂျင့်တွေ၊ ဒေသအတွင်းဖြန့်ဖြူးသူတွေနဲ့ အသုံးပြုသူတွေရဲ့ လုံခြုံမှုဟာ TrueMoney Myanmar အတွက် အမြဲတမ်းပထမဦးစားပေးအချက်ဖြစ်ပြီး အခု လတ်တလောထောက်ပံ့ပေးအပ်ခဲ့တဲ့ အစီအစဉ်တွေနဲ့အတူ နိုင်ငံတစ်ဝန်းမှာရှိတဲ့ သန်းပေါင်းများစွာသော ကျွန်မတို့ရဲ့ အသုံးပြုသူတွေအတွက် ယုံကြည်စိတ်ချရမှုအရှိဆုံး ဝန်ဆောင်မှုတွေကို ဆက်လက် ပေးအပ်သွားနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု TrueMoney Myanmar ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ် ကြည်သာမှ ပြောကြားခဲ့သည်။

အထက်ပါ ကျန်းမာရေးအာမခံအကာအကွယ် ကူညီထောက်ပံ့မှုနှင့် အိမ်တိုင်ရာရောက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှု ၂ ခုလုံးအား TrueMoney Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး TrueMoney Myanmar အနေနှင့် ၎င်း၏ အေးဂျင့်များ၊ ဒေသအတွင်းဖြန့်ဖြူးသူများနှင့် အသုံးပြုသူများအပြင် နိုင်ငံတစ်ဝန်းရှိ လူမှုအဖွဲ့အစည်းများအတွက် အထူးသဖြင့် ယခုကဲ့သို့ COVID-19 ရောဂါ ဖြစ်ပွားနေချိန်တွင် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့လိုသည့် ရည်ရွယ်ချက် နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top