ကံကောင်းရန် အတွက် လေယာဉ် အင်ဂျင်ထဲကို ဒင်္ဂါးပြားများ ပစ်ထည့်ခဲ့တဲ့ အဖွားအို

96703486_shanghaipudong.jpg

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အယူသီးတဲ့ခရီးသည် အဖွားအိုတစ်ယောက်ဟာ ကံကောင်းစေရန်အတွက် လေယာဉ်အင်ဂျင်ထဲကို ဒင်္ဂါးပြားများ ပစ်ထည့်ခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ် ရွေ့ဆိုင်းခဲ့ရတယ်လို့ တရုတ်လေကြောင်းလိုင်းတစ်လိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၈၀ အရွယ်အဖွားအိုဟာ ခင်ပွန်း၊ သမီး၊ သားမက်တို့နဲ့အတူတူ ခရီးထွက်လာခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်တက်ရန်အလာမှာ China Southern Airlines ပိုင်လေယာဉ်ရဲ့ အင်ဂျင်ထဲကို ယွမ် ၁.၇ တန်ဖိုးရှိတဲ့ အကြွေစေ့များကိုပစ်ထည့်ပြီး ဘေးအန္တရာယ် ကင်းစေရန်အတွက် ဆုတောင်းခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဖွားအိုဟာ အကြွေစေ့ ၉ စေ့ကို လေယာဉ်အင်ဂျင်ထဲ ပစ်ထည့်ခဲ့တာဖြစ်ပြီး တစ်စေ့သာ လေယာဉ်အင်ဂျင်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပါတယ်။ Shanghai Pudong International လေဆိပ်မှ တာဝန်ရှိသူများကတော့ အဖွားအိုကို စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားခဲ့ပြီး လေယာဉ်အင်ဂျင်ကို စစ်ဆေးကာ လေယာဉ်ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့ရပါတယ်။

ဒါကြောင့် မနေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွက် လေယာဉ်ဟာ သတ်မှတ်ချိန်ထက် ၅ နာရီခန့် နောက်ကျမှသာ ထွက်ခွာနိုင်ခဲ့တယ် လို့သိရပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ China Southern Airlines မှ တာဝန်ရှိသူများက ခရီးသည်များကို လေကြောင်းလိုင်းဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့မှ ခရီးသည် ဘေးကင်းလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းများကို လိုက်နာကြဖို့ သတိပေးခဲ့ပါတယ်။

Ref : BBC News : Coins thrown into plane engine by elderly passenger for ‘luck’

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top