ဝန်ဆောင်မှုကောင်းတဲ့ စားပွဲထိုးကို ဒေါ်လာ ၂၀၀၀ ကျော် ဘောက်ဆူးပေးခဲ့

19958883_1610083879015269_3179603052913652824_n.jpg

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က နာမည်ကျော် အမေရိကန် အမျိုးသားအဆိုတော် အဖွဲ့ဖြစ်တဲ့ New Kids on the Block အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဒိုနီ ဝဲလ်ဘာဂ်ျ (Donnie Wahlberg) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် (North Carolina) ချားလ်လော့မြို့ (Charlotte) ရှိ Waffle House စားသောက်ဆိုင်က စားပွဲထိုးလေးတစ်ယောက်ကို ဆက်ဆံရေးပြေပြစ်တဲ့အတွက် ဒေါ်လာ ၂၀၀၀ ကျော် ဘောက်ဆူးပေးခဲ့ပါတယ်။

“ကျွန်တော့်အမေနဲ့ ကျွန်တော့်အဖေဆိုရင် စားသောက်ဆိုင်တစ်ဆိုင်သွားရင် တော်တော်ကြာအောင် စောင့်ရတယ်လို့ ညဉ်းတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော် Waffle House စားသောက်ဆိုင်ကို သွားလိုက်တဲ့အခါမှာ ဝန်ထမ်းတစ်ဦးက ကျွန်တော်ကို ဘုရင်တစ်ပါးလိုပဲ ဂရုတစိုက် ဆက်ဆံခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့ကို ဘုရင်မတစ်ပါးလို ပြန်လည်ဂရုစိုက်ခဲ့တယ်”လို့ Facebook ပေါ်မှာ ဒိုနီ ဝဲလ်ဘာဂ်ျ ကရေးသားခဲ့ပါတယ်။

ငွေရှင်းပြေစာမှာဆိုရင် ဒိုနီ ဝဲလ်ဘာဂ်ျဟာ အစားအစာကို ဒေါ်လာ ၈၂.၆ ဖိုး မှာခဲ့တာဖြစ်ပေမဲ့ ဘောက်ဆူး ၂၀၀၀ ပိုပေးခဲ့တာကို မြင်ရနိုင်ပါတယ်။ ဒါ့အပြင် ဒိုနီ ဝဲလ်ဘာဂ်ျဟာ Waffle House စားသောက်ဆိုင်မှ တခြားသော ဝန်ထမ်းများကိုလည်း ချားလ်လော့မြို့မှာ ကျင်းပမဲ့ သူ့ရဲ့ ဂီတပွဲရဲ့ လက်မှတ်များကိုလည်း  ပေးခဲ့ပါသေးတယ်။

ဝဲလ်ဘာဂ်ျရဲ့ ပိုစ့်ကို လူအများဝေငှခဲ့ကြပြီး ဝဲလ်ဘာဂ်ျရဲ့ ပရိတ်သတ်များကလည်း သူတို့ရဲ့ အတွေ့အကြုံကို ဝေငှခဲ့ပါသေးတယ်။ “သူဟာ ပရိတ်သတ်တွေအပေါ် တော်တော်ဂရုစိုက်သူတစ်ဦးပါ။ အရင်နှစ်တွေတုန်းကလည်း ကျွန်မ ဝဲလ်ဘာဂ်ျဆီကို စာတစ်စောင် ရေးဖူးပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ ကျွန်မ သူ့အမေလက်ရေးနဲ့ ပြန်စာတစ်စောင်ကို ပြန်ရခဲ့ပါတယ်။ ဒီလို ပရိတ်သတ်ကို စာပြန်ဖို့အတွက် လက်ရေးနဲ့ပဲစာပြန်တဲ့ အမေတစ်ယောက်က မွေးတဲ့ သားဟာ လူကောင်းတစ်ယောက်ပါ ” လို့ Comment ရေးသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref : Business Insider News : New Kids on the Block star Donnie Wahlberg left a $2,000 tip at Waffle House after being treated ‘like a king’

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top