ဆိုင်ပြန်ဖွင့်တာကို ကြိုဆိုတဲ့အနေနဲ့ စားသောက်ဆိုင်မှာ လာရောက်စားသောက်သူက ဘောက်ဆူး ဒေါ်လာ (၁၃၀၀) ချန်ထားပေးခဲ့

12-5-2020-yyl-001.jpg

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တော်တော်များများက စားသောက်ဆိုင်တချို့ဟာ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပဲ ပြန်ဖွင့်နေပါပြီ။ အဲဒီလို စားသောက်ဆိုင်ပြန်ဖွင့်တာကို ကြိုဆိုတဲ့အနေနဲ့ တက္ကဆပ်ပြည်နယ်က ရက်ရောတဲ့လာရောက်စားသောက်သူတစ်ဦးဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဒေါ်လာ (၁၃၀၀) ချန်ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီစားသောက်ဆိုင်က တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ The Frog & The Bull ဖြစ်ပြီး ဧပြီ ၃၀ ရက်နေ့က ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။ မေလ ၁ ရက်နေ့က အမျိုးသားတစ်ဦးဟာ သူ့ရဲ့မိသားစုနဲ့အတူ ညစာစားဖို့ လာခဲ့ပြီး ဝိုင်ပုလင်း (၁) လုံး၊ အမဲသားကင်နဲ့ ခုံးကောင်တွေကို မှာစားခဲ့ပါတယ်။ ကျသင့်ငွေက ဒေါ်လာ ၃၃၇ ဖြစ်ပေမဲ့ သူက သူမှာတဲ့အကုန်လုံးအတွက် နှစ်ဆကောက်ပေးဖို့ စားပွဲထိုးကို တောင်းဆိုခဲ့တယ်လို့ ဆိုင်ပိုင်ရှင် ဒေးဗစ် ဖာနန်ဒက်ဇ်က ပြောပါတယ်။ အဲဒီအမျိုးသားက သူတို့တွေ ဆိုင်ပြန်ဖွင့်တဲ့အတွက်ရော လူအသိုင်းအဝိုင်းကို တည်ခံကျွေးမွေးဖို့အတွက် ရောဂါဖြစ်နေတဲ့ကာလအတွင်းမှာ အသက်ကို မငဲ့ကွက်ဘဲ ရှေ့တန်းက ရှိနေပေးတဲ့အတွက်ပါ အရမ်းကျေးဇူးတင်လွန်းလို့ပါတဲ့။

ဒီစားသောက်ဆိုင်ကို မတ်လ (၁၇) ရက်နေ့မှာ COVID ကြောင့် မပိတ်ခင်က (၅) လသာ ဖွင့်ထားရသေးပါတယ်။ “ကျွန်တော်တို့ရုန်းကန်ရှင်သန်နေခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းအများစုကိုလည်း နားခိုင်းထားရပါတယ်။ အစားသောက်တွေကို ပါဆယ်ယူတာနဲ့ အိမ်အရောက်ပို့စနစ်တွေနဲ့ ဆန်းသစ်ပြုလုပ်ခဲ့ရပါတယ်” လို့ ဒေးဗစ်က ပြောပါတယ်။ ဒေးဗစ်က ဆိုင်ပြန်ဖွင့်ရဖို့ မျှော်လင့်နေခဲ့ရတာဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့မှာ တက္ကဆပ်ပြည်နယ်မှာ ချမှတ်ထားတဲ့စည်းမျဉ်းတွေ နည်းနည်းပြေလျော့သွားခဲ့တဲ့အတွက် ပြန်ဖွင့်ခွင့်ရခဲ့ပါတယ်။ လာရောက်စားသောက်သူတစ်ဦးက ဘောက်ဆူးပေးခဲ့တဲ့အတွက် ဒေးဗစ်က အဲဒီအမျိုးသားရဲ့ ရက်ရောမှုကြောင့် အံ့သြခဲ့ရပါတယ်။ ” ကျွန်တော် သူ့ကို ပြောပါတယ်။ ဒီလိုမလုပ်ရဘူးလို့။ သူက မဟုတ်ဘူး။ အကုန်လုံးကို နှစ်ဆကောက်ပါတယ်တဲ့။ မယူဘူးလို့ ငြင်းတာကို သူမလိုချင်မှန်း ကျွန်တော်သိပါတယ်။ ကျွန်တော် သူ့ကို တကယ်ကို လေးစားပြီး ကျေးဇူးတင်ပါတယ်” လို့ ဒေးဗစ်က ဆိုပါတယ်။

ဒေးဗစ်က အဲဒီအမျိုးသားရဲ့နာမည်ကိုတော့ ထုတ်ပြောပြထားခြင်းမရှိပါဘူး။ အဲဒီအမျိုးသားရဲ့ Privacy ကို ငဲ့ညာတဲ့အနေနဲ့ဖြစ်ပါတယ်။ အဲဒီအမျိုးသား စားသောက်ဆိုင်က ထွက်သွားပြီးတဲ့နောက်မှာ စားပွဲထိုးကောင်လေးက ပြေစာမှာ နောက်ထပ်တစ်ခုခုရှိနေတာကို သတိထားမိခဲ့ပါတယ်။ သူက အဲဒီစားပွဲထိုးအတွက် ဒေါ်လာ ၃၀၀ ချန်ထားခဲ့ပြီး ဒေါ်လာ ၁၀၀၀ ကို စားသောက်ဆိုင်အတွက်ဖြစ်ပါတယ်။ ” ကျွန်တော် ပြေစာပေါ်မှာ ဒီလိုမျိုး ဘောက်ဆူးကိုမမြင်ဖူးခဲ့ပါဘူး။ ဒေးဗစ်နဲ့ အခြားဝန်ထမ်းတွေကို ကျွန်တော်ဖတ်နေတာမှန်ရလားလို့ မေးယူရပါတယ်။ သူတို့အားလုံးလည်း တအံ့တသြဖြစ်ခဲ့ရပါတယ်” လို့ စာပွဲထိုးကောင်လေးက ပြောပါတယ်။ အခုဆိုရင် စားပွဲထိုးကောင်လေးက အခုနှစ်တက်ဖို့စီစဉ်ထားတဲ့ Colorado State University မှာ ကျူရှင်ခပေးဖို့ ပိုက်ဆံကို အသုံးပြုဖို့ စိတ်ကူးထားပါတယ်။

ဆိုင်ပိုင်ရှင်ဒေးဗစ်က ဒီလိုခက်ခဲတဲ့အချိန်အတွင်းမှာ ကြွေးမြီးကင်းရှင်းပြီး ခက်ခဲတဲ့အခြေအနေဖြစ်နေပေမဲ့လည်း စားသောက်ဆိုင်အဖွဲ့သားတွေက အလုပ်ကြိုးစားနေဆဲဖြစ်တဲ့အတွက် ဂုဏ်ယူနေပါတယ်။

Ref: Texas customer leaves $1,300 ‘welcome back’ tip at restaurant

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top