နှစ် ၂၄၀၀၀ ကြာ အေးခဲနေရာမှ ပြန်လည်ရှင်သန်လာခဲ့တဲ့ သက်ရှိမျိုးစိတ်

download-3.jpg

အဏုကြည့် ကိရိယာနဲ့ မြင်တွေ့ရနိုင်တဲ့ အလွန်သေးငယ်တဲ့ သက်ရှိသတ္တဝါဟာ ဆိုက်ဘေးရီးယားဒေသမှာ နှစ် ၂၄၀၀၀ ကြာ အေးခဲနေရာမှာ အသက်ပြန်ရှင်လာခဲ့တယ်လို့ သုတေသနပြုချက်အသစ်တစ်ခုအရ သိရပါတယ်။

သုတေသီတွေက အာတိတ်ဒေသရှိ Alayeza River ကနေ “bdelloid rotifer” လို့ခေါ်တဲ့ သက်ရှိသတ္တဝါကို တူးဖော်မိခဲ့တာပါ။ အဲဒီသတ္တဝါက ထောင်စုနှစ်များစွာကြာ အေးခဲနေတဲ့အခြေအနေမှာ ရှိနေခဲ့တာပါ။ အရင်တုန်းက သုတေသနပြုချက်အရတော့ အဲဒီသတ္တဝါမျိုးစိတ်တွေက (၁၀) နှစ်ကျော်လောက် အေးခဲကာ အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ တနင်္လာနေ့က Current Biology မှာ ထုတ်ပြန်ထားတဲ့ လေ့လာချက်အသစ်မှာတော့ နှစ်ထောင်ချီ အေးခဲပြီး အသက်ရှင်နေနိုင်တယ်လို့ ဆိုထားပါတယ်။ “ကလာပ်စည်းမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိသတ္တဝါတစ်ကောင်ကို အေးခဲထားပြီး နှစ်ထောင်ချီ သိမ်းဆည်းထားနိုင်တယ်။ ပြီးရင် အသက်ပြန်ရှင်လာနိုင်တယ်လို့ ” Russia Institute of Physicochemical and Biological Problems in Soil Science ရဲ့ စတတ်စ် မယ်လဗင် (Stas Malavin) က ပြောပါတယ်။

စတတ်စ်ကတော့ အဲဒီသတ္တဝါက ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာ သိရဖို့ ထပ်ပြီးလေ့လာရဉီးမယ်လို့ ပြောပါတယ်။ သုတေသီတွေက သတ္တဝါတွေကို ဓာတ်ခွဲခန်းထဲမှာ အရည်ပျော်အောင်လုပ်ပြီး ဒီဖြစ်စဉ်အတွက် လေ့လာစူးစမ်းနေကြပါတယ်။ ဓာတ်ခွဲစစ်ဆေးနေတဲ့ Bdelloid rotifer က သက်တမ်း (၂၃၉၆၀) နဲ့ (၂၄၄၈၅) ကြာ ရှိတယ်လို့ သိရပါတယ်။

Bdelloid rotifer တွေကို ကမ္ဘာတစ်ဝန်းရှိ အေးမြစိုစွတ်တဲ့ပတ်ဝန်းကျင်တွေမှာ တွေ့ရှိရပြီး မယုံကြည်နိုင်လောက်အောင် အသက်ရှင်နိုင်စွမ်းရှိကြပါတယ်။ အဲဒီအကောင်တွေက အောက်စီဂျင်နည်းတာ၊ ဆာလောင်မွတ်သိပ်တာ၊ အက်ဆစ်ဓာတ်မြင့်မားတာနဲ့ ရေခမ်းခြောက်တာတွေကို နှစ်အကြာကြီး ခံနိုင်ရည်ရှိတယ်လို့ New York Times မှာ ဖော်ပြထားပါတယ်။

Ref: BBC “Bdelloid rotifer survives 24,000 years frozen in Siberia”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top