ဗီတာမင်စီစားလွန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

unnamed-21.jpg

ကပ်ရောဂါကြီးစတင်ကတည်းက ကိုယ်ခံအားကောင်းစေဖို့အတွက် ဗီတာမင်စီကြွယ်တဲ့အစားအစာတွေပိုပြီး စားပေးသင့်တယ်လို့ အကြံပြုထားကြပါတယ်။ လေ့လာချက်အရ ရေမှာ ပျော်ဝင်နိုင်စွမ်းရှိတဲ့ ဗီတာမင်စီဓာတ်က အလွယ်တကူဖျားနာတာတွေမဖြစ်အောင်၊ ကူးစက်ရောဂါတွေ တွန်းလှန်ပစ်နိုင်အောင် ကူညီပေးတယ်။ ဒါပေမဲ့ ဒီအာဟာရဓာတ်ကလည်း မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့၊ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာမှန်သမျှကလည်း ဘေးထွက်ဆိုးကျိုးတွေဖြစ်မလာနိုင်အောင် ချင့်ချိန်ပြီး စားပေးသင့် ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးမဖြစ်အောင် ဗီတာမင်စီကို တစ်နေ့ ဘယ်လောက် စားပေးဖို့လိုလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်…။

ဗီတာမင်စီရဲ့ တစ်နေ့တာစားသုံးပေးနိုင်မှုပမာဏ

(၁၉) နှစ်အထက် အမျိုးသားတွေက တစ်နေ့ကို ဗီတာမင်စီ ၉၀ မီလီဂရမ်သောက်သုံးပေးနိုင်ပြီး အမျိုးသမီးတွေကတော့ တစ်နေ့ကို ၇၅ မီလီဂရမ် သောက်သုံးပေးနိုင်တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့ရည်တိုက်ကျွေးချိန်အတွင်းမှာတော့ ဗီတာမင်စီလိုအပ်မှုက တိုးလာနိုင်ပါတယ်။ အဲဒီအချိန်တွေမှာ ဗီတာမင်စီ (၈၅) မီလီဂရန်နဲ့ (၁၂၀) မီလီဂရမ် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ဆေးလိပ်သောက်သူတွေကလည်း အာဟာရဓာတ်ပိုပြီးလိုအပ်တဲ့အတွက် တစ်ယောက်ကို ဗီတာမင်စီ ၃၅ မီလီဂရမ်သောက်သုံးပေးရင် လုံလောက်ပါတယ်။ ဗီတာမင်စီကို အလွန်အကျွံသောက်သုံးရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

ဗီတာမင်စီ သောက်သုံးဖို့အတွက် နည်းလမ်းအမှန်

ဗီတာမင်စီကြွယ်ဝတဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်းစားပေးတာက ဗီတာမင်စီဓာတ်ကို ပိုပြီးရပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အချိန်အကြာကြီးချက်ပြုတ်လိုက်တဲ့အခါ အပူက ဗီတာမင်ဓာတ်ကို ချေဖြတ်ပစ်နိုင်ပါတယ်။ ဒါ့အပြင် ဟင်းအနှစ်ပါတဲ့ဟင်းလျာထဲကို ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကို ပေါင်းထည့်တာကလည်း အာဟာရဓာတ်ကို လျော့ပါးစေပါတယ်။ ချက်ပြုတ်စရာမလိုတဲ့ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကို ပိုပြီး စားသုံးပေးပါ။ ချက်ပြုတ်မှ ရမယ်ဆိုရင်လည်း အရမ်းကြီးအကျက်လွန်တာမဖြစ်ပါစေနဲ့။

ဗီတာမင်စီပမာဏများလွန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

ဗီတာမင်စီပမာဏများတာကို ဆီးကနေတဆင့် ဖယ်ရှားပစ်ပေမဲ့ သင့်ကို နည်းအမျိုးမျိုးနဲ့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီ သောက်လွန်းခြင်းရဲ့ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးကတော့

– ဝမ်းလျှောခြင်း

_ မအီမသာဖြစ်ခြင်း

_ အော့အန်ခြင်း

– ရင်ပူရင်ဆာဖြစ်ခြင်း

– ဝမ်းဗိုက်နာကျင်ကိုက်ခဲခြင်း

– ခေါင်းကိုက်ခြင်း

– အိပ်မပျော်ခြင်း

ဗီတာမင်စီဆေးကို ဆရာဝန်ဆီက ညွှန်ကြားချက်မရဘဲ မသောက်သုံးပါနဲ့။ လူအများစုက တစ်နေ့တာစားသုံးတဲ့အစားအစာကနေ ဗီတာမင်စီဓာတ်ကို လုံလုံလောက်လောက်ရကြပါတယ်။

Ref: Vitamin C for immunity: How much is too much and side effects of taking too much ascorbic acid
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top