ပရိသတ်အားပေးနှစ်ခြိုက်မှုတခဲနက်ရရှိနေတဲ့ Cruella ဇာတ်ကားကို နောက်ဆက်တွဲရိုက်ကူးနိုင်ဖွယ်ရှိ

unnamed-1.png

ဒစ်စနေးရဲ့ နာမည်ကျော်ဗီလိန်ကြီး ခရူရယ်လာ (Cruella) ကို ပရိသတ်တွေက နောက်ဆက်တွဲမှာ ထပ်မံမြင်တွေ့ရနိုင်ဖွယ်ရှိနေပါတယ်။ ဗီလိန်ကြီး ခရူရယ်လာအဖြစ် မင်းသမီးချောအမ်မာစတုန်းပါဝင်သရုပ်ဆောင်ထားတဲ့ Cruella ဇာတ်ကားက မကြာသေးခင်ကမှ ထွက်ရှိခဲ့ပေမယ့် ဒစ်စနေးရဲ့ အလုပ်အမှုဆောင်အဖွဲ့က မယုံကြည်နိုင်လောက်အောင် ဒီဇာတ်ကားအောင်မြင်မှုရရှိနေတဲ့အတွက် အရမ်းပျော်ရွှင်ပြီး နောက်ဆက်တွဲရိုက်ကူးဖို့ အစီအစဉ်ရှိနေတယ်လို့ Hollywood Reporter သတင်းဌာနအရ သိရပါတယ်။

Cruella ရဲ့ဒါရိုက်တာ ခရိတ် ဂေးလက်စပီးCraig Gillespie) နဲ့ ဇာတ်ညွှန်းရေးသူ တိုနီ မက်နာမာရာ (Tony McNamara) တို့ကလည်း Cruella ဇာတ်ကားကို နောက်ဆက်တွဲရိုက်ကူးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒစ်စနေး ရဲ့ပြောရေးဆိုခွင့်ရှိသူက “ Cruella ရဲ့ Box Office အောင်မြင်မှုအတွက်ကျွန်တော်အရမ်းကျေနပ်မိပါတယ်၊ Disney + Premier မှာ ဝင်ရောက်ကြည့်ရှုမှုကလည်း အတူတူပါပဲ။ ဒီရုပ်ရှင်ကို ကမ္ဘာအနှံ့မှာရှိတဲ့ပရိသတ်တွေ လက်ခံနိုင်မှုက မယုံနိုင်လောက်အောင်ကောင်းပါတယ်။ Rotten Tomatoes မှာ Audience Score က ၉၇ ရာခိုင်နှုန်းရှိပါတယ်။ Live Action အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲမှာ နာမည်အကြီးဆုံးဇာတ်ကားအဖြစ်လည်း စာရင်းဝင်ထားပါတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေ ဆက်လက်ခံစားကြည့်ရှုနိုင်ဖို့ ရေရှည်မျှော်လင့်တယ်” လို့ ဆိုပါတယ်။

ခရိတ်က Cruellaရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားတွေအတွက် အလားအလာရှိတယ်လို့ သူခံစားရပြီးတဲ့နောက် နောက်ဆက်တွဲဇာတ်ကားရိုက်ကူးမယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာပါ။

Craig က “ခရူရယ်လာနဲ့ တွေ့ရုံပဲ ရှိသေးတယ်လို့ ကျွန်တော်ခံစားရတယ်။ ခရူရယ်လာဆိုတဲ့ ဇာတ်ကောင်ကို မြင်တွေ့ရတာ ကြိုက်ပါတယ်။ သူ့ဘေးကနေလည်း ကောင်းကောင်းပံ့ပိုးပေးကြပါတယ်။ ပြီးတော့ ခရူရယ်လာဆိုတဲ့ ဇာတ်ကောင်ကို ပေါ်လွင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ခရူရယ်လာက သူ့ရဲ့စွမ်းအားတွေကို ဂရုမစိုက်ဘဲ ဘယ်လိုတွေ ဖျက်စီးပစ်တာလဲဆိုတာကိုလည်း ကျွန်တော် ကြည့်ချင်သေးတယ်” လို့ ပြောပါတယ်။

“ခရူရယ်လာက သရုပ်ဆောင်တွေ၊ ရုပ်ရှင်အဖွဲ့သားတွေနဲ့ အတူတူအလုပ်လုပ်နိုင်သရွေ့ နောက်ဆက်တွဲကို ကင်မရာနောက်ကွယ်ကနေ ရိုက်ကူးနိုင်ဖို့ အဆင့်သင့်ဖြစ်နေမှာပါ” လို့ အင်တာဗျူးတစ်ခုမှာ ခရိတ်က ပြောပါတယ်။

Collider နဲ့ အင်တာဗျူးတစ်ခုမှာလည်း သူဟာ “ ဒီအဖွဲ့သားတွေနဲ့အတူတူ အလုပ်လုပ်ရတာ အရမ်းပျော်တယ်။ လူတိုင်းနဲ့အလုပ်လုပ်ရတာအရမ်းပျော်ရတယ်၊ ပြီးတော့တိုနီ ဇာတ်ညွှန်းရေးတာကိုလည်း သဘောကျတယ်။ ဒစ်စနေးကလည်း အရမ်းပံ့ပိုးပေးတယ်” လို့ ခရိတ်က ပြောပါတယ်။

Ref: AsiaOne “Disney is working on a Cruella sequel”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top