ခွဲစိတ်ခန်းသုံးဂွမ်းစ ခန္ဓာကိုယ်ထဲကျန်နေခဲ့မှုကြောင့် လူနာသေဆုံး

h1.jpg

ကယ်လီဖိုးနီးယားမြောက်ပိုင်း ရဒ်ဒိန်း (Redding) မြို့က မာစီ (Mercy) ဆေးရုံကို ကယ်လီဖိုးနီးယားပြည်သူ့ကျန်းမာရေးဌာနက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄၇,၀၀၀ ပေးဆောင်ဖို့ ချမှတ်လိုက်ပါတယ်။ ဝမ်းဗိုက်အောက်ဘက်ပိုင်း ခွဲစိတ်မှုတစ်ခုမှာ ခွဲစိတ်ခန်းသုံးဂွမ်းဟာ ခွဲခန်းဝင်လူနာတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့လို့ ဖြစ်ပါတယ်။ လူနာရဲ့အမည်ကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။

၂၀၁၇၊ စက်တင်ဘာ (၁၉) ရက်နေ့မှာ လူနာကို ဝမ်းဗိုက်အောက်ပိုင်းမှာ သွေးကြောပိတ်ဆို့တာကို ဖယ်ရှားဖို့ ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုမှာပါဝင်တဲ့ ခွဲခန်းဝန်ထမ်းတစ်ဦးဟာ အသုံးပြုလိုက်တဲ့ဂွမ်းတွေအားလုံးကို လူနာရဲ့ခန္ဓာကိုယ်ကနေ ထုတ်ပြီးပြီလို့ ကောက်ချက်ချလိုက်မိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ (၁၀) ရက်အကြာမှာတော့ နှလုံး- အသက်ရှူလမ်းကြောင်း ရပ်သွားတာကြောင့် သေဆုံးသွားပါတယ်။

ဓာတ်မှန်မှာ ဂွမ်းစသေးသေးလေးဟာ လူနာရဲ့ဝမ်းဗိုက်အောက်ပိုင်းထဲမှာ ကျန်ခဲ့တယ်လို့ တွေ့ရပါတယ်။ အလောင်းခွဲစိတ်သူကတော့ ဂွမ်းစက လူ့ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာရှိနေတာကြောင့် ဘက်တီးရီးယားပိုး ရောင်ရမ်းမှုဖြစ်ပြီး သေဆုံးရတာလို့ အကြံပြုထားပါတယ်။
ဝမ်းဗိုက်ရဲ့ အတွင်းနံရံအနေနဲ့ ဖုံးအုပ်ထားပေးပြီး ဝမ်းဗိုက်အတွင်းအဂါၤအများစုကို ထောက်ပံ့ပေးထားတဲ့ တစ်ရှူးတွေဟာ ဘက်တီးရီးယားပိုးကြောင့် ရောင်ရမ်းတာဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်တဲ့ သွေးပေါင်ချိန်တက်တာနဲ့ ဒီလိုရောင်ရမ်းတာ ပေါင်းစပ်ပြီးတော့ နှလုံးရောဂါဖြစ်ပွားကာ လူနာသေဆုံးရခြင်းဖြစ်ပါတယ်။

ဆေးရုံကပြောကြားခဲ့တာကတော့ ‘ကျွန်တော်တို့ လူနာရဲ့မိသားစုအတွက် တကယ် စိတ်မကောင်းပါဘူး၊ လူနာတွေ ဘေးကင်းဖို့နဲ့ လုံခြုံဖို့ဟာ ကျွန်တော်တို့ရဲ့ဦးစားပေးဖြစ်ပါတယ်။ တစ်လအကြာ ဒီဇင်ဘာ (၄) ရက်မှာ ဆေးရုံစုံစမ်းစစ်ဆေးသူတွေဟာ ခွဲခန်းသုံးဂွမ်းတစ်ခုကို နှစ်ခုအနေနဲ့ ရေတွက်ထားပြီးတော့ ဂွမ်းတစ်ခု ပျောက်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ ခွဲခန်းမှာ တာဝန်ရှိသူတွေဟာ ခွဲခန်းသုံးပစ္စည်းတွေကို ရေတွက်ခြင်းကို ခွဲစိတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မပြုလုပ်တဲ့အတွက် ဒီလိုအမှားမျိုးကြုံတွေ့ရတာဖြစ်ပါတယ်။

Ref: www.sfchronicle.com ” Redding hospital faces $47.5k in fines after surgical team left sponge in patient ”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top