အရပ်ရှည်လွန်းလို့ ချစ်သူရှာဖို့ ခက်ခဲနေတဲ့ တရုတ်အမျိုးသမီး

12.7.2024-yyl-2.png

အရပ်ရှည်တာ ကောင်းတယ်ဆိုပေမဲ့ ရှည်လွန်းပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ တရုတ်အမျိုးသမီး ရှောင်မိုင်ကတော့ အရပ်ရှည်လွန်းလို့ ချစ်သူရှာဖို့ အခက်အခဲ ကြုံနေရပါတယ်။ သူက အရပ် ၂.၂၆ မီတာ ( ၇ ပေ၊ ၅ လက်မ) ရှည်လို့ တော်ရုံအရပ်မြင့်တဲ့ ယောကျာ်းလေးထက်တောင် အရပ် ၁ ပွဲခွဲလောက် ပိုမြင့်နေတာပါ။

ရှန်ဟိုင်းမြို့မှာ အရပ်ရှည်တဲ့ အမျိုးသမီးတစ်ဦး သူ့ချစ်သူကို အွန်လိုင်းကနေ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးလို့ ရှောင်မိုင်ရဲ့အမေကလည်း သူ့သမီးအတွက် ချစ်သူရအောင် အွန်လိုင်းကို အသုံးပြုဖို့ ကြိုးစားခဲ့ပါတယ်။ ရှောင်မိုင်ရဲ့ ဗီဒီယို၊ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး ကြင်ရာဖက် ရှာဖွေခဲ့ရာမှာ နိုင်ငံတစ်ဝန်းမှ လူတွေက ရှောင်မိုင်ကို မြင်ဖူးချင်လို့ လာကြည့်ကြပါတယ်။ သူတို့က ရှောင်မိုင်နဲ့လည်း ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သဘောကျရတဲ့ ကြင်ရာဖက်ကို ရှာမတွေ့သေးပါဘူး။

ရှောင်မိုင်ဟာ ၇ တန်းကျောင်းသူအရွယ်ကတည်းက အရပ် ၆ ပေရှည်ပြီး ကျောင်းဘတ်စကတ်ဘောအသင်းရဲ့ကြယ်ပွင့် ဖြစ်ပါတယ်။ ဒေသတွင်းပြိုင်ပွဲတွေမှာ သူတို့အသင်းက နိုင်ပွဲအလီလီရခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောအသင်းတွေက ရှောင်မိုင်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြပေမဲ့ ရှောင်မိုင်ကတော့ ကျောင်းပညာရေးကိုပဲ ဦးစားပေးခဲ့ပြီး ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ၈ တန်းနှစ်မှာတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလို့ ဘတ်စကတ်ဘော ကစားနည်းကနေလည်း အနားယူခဲ့ရသူပါ။

Ref: Beautiful 2.26-Meter-Tall Woman Has Trouble Finding a Boyfriend
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply