ကိုယ်ကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့် တစ်ပတ်အတွင်းမှာပဲ ဘွဲ့(၂) ခုရရှိခဲ့တဲ့ အထက်တန်းကျောင်းသားလေး

26-5-2020-yyl-024.jpg

အသက်(၁၅) နှစ်အရွယ် အထက်တန်းကျောင်းသားလေး တွမ် ဂျော်ဒန်ဟာ အခုအပတ်မှာပဲ ဘွဲ့(၂) နှစ်ခု ချီးမြှင့်ခံရတော့မှာဖြစ်ပါတယ်။ သူက အထက်တန်းကျောင်းဒီပလိုမာဘွဲ့နဲ့ (၂) နှစ်တာကောလိပ်ဘွဲ့တို့ကို ရရှိတာဖြစ်ပါတယ်။ ဘွဲ့(၂) ခုက တစ်ပတ်တည်းမှာပဲ ယူရတာဖြစ်ပြီး (၅) ရက်သာကွာပါတယ်။ တွစ်ဂျော်ဒန်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အိုဟိုင်းအိုပြည်နယ်က Stark State College ကနေ GPA ရမှတ် (၃.၉၃) ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ သူရရှိခဲ့တဲ့ဘွဲ့ ကအထွေထွေသိပ္ပံဖြစ်ပါတယ်။

အခုလာမယ့်သောကြာနေ့ကျရင်လည်း တွမ်က GlenOak High School ကနေ GPA ရမှတ် (၄.၆၂၅) နဲ့ ဒီပလိုမာဘွဲ့ယူရတော့မှာဖြစ်ပါတယ်။ “ကျွန်တော် ခံစားမိတဲ့ကောင်းတဲ့အရာက ဒီလိုရရှိဖို့အတွက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကြိုးစားအားထုတ်မှုတွေပါပဲ။ ကျွန်တော် ကြိုးစားအားထုတ်မှုမရှိဘဲ လွယ်လွယ်နဲ့သာရမယ့်ဆိုရင် ဒါက ကျွန်တော်အတွက် ဘာအဓိပ္ပာယ်မှရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ခဲ့လို့ ဒီနေရာကို ရောက်နိုင်ခဲ့တာပါ” လို့ တွမ်က ပြောပါတယ်။ တွမ်ရဲ့မိခင် ကသီ ဂျော်ဒန်ကလည်း “သား (၁၁) နှစ်ကတည်းက Stark State မှာ Pre-algebra Course ကို ယူခဲ့တာပါ။ အသက် (၁၄) နှစ်ရောက်တော့ ကောလိပ်မှာ အချိန်ပြည့် တက်ရောက်ဖို့ ဝင်ခွင့်လျှောက်ခဲ့ပါတယ်” လို့ပြောပါတယ်။ တွမ်က သင်္ချာနဲ့ ပါရဂူဘွဲ့ယူချင်ပြီး အဲဒါကို သင်ယူချင်သလို သုတေသနလည်းလုပ်ချင်တာပါ။ ဒါက သူ့အိပ်မက်ပါပဲ။

တွမ်က သင်္ချာဘွဲ့ယူရဖို့အတွက် College of Wooster မှာတက်ဖို့ စီစဉ်ထားပါတယ်။ ပါရဂူဘွဲ့အတွက်တော့ Harvard (ဒါမှမဟုတ်) Massachusetts Institute of Technology မှာ တက်ချင်တာဖြစ်ပါတယ်။ သူ သင်္ချာမလေ့လာတဲ့အခါ ကျားကွက်ကစားတာ၊ သီချင်းဆိုတာတွေနဲ့ စိတ်အပန်းဖြေပါတယ်။ တနင်္ဂနွေနေ့က ဘွဲ့ယူတော့ အမှတ်များများနဲ့ ပရိုဂရမ်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့လို့ ကောလိပ်က တွမ်ကို မှတ်မိပါတယ်။ Glen Oak High School က မေလ ၂၉ ရက်နေ့ကျရင် ဘွဲ့ယူအခမ်းအနားကို တစ်ဦးချင်းကျင်းပပေးမှာဖြစ်ပါတယ်။ တွမ်ရဲ့မိခင်က the Plain Local School District အတွက် ဘဏ္ဍာရေးမှူးချုပ်ဖြစ်တာကြောင့် ဒီပလိုမာဘွဲ့ကို ကိုယ်တိုင်ပေးအပ်မှာဖြစ်ပါတယ်။

ကျောင်းသား/သူတွေကို တွမ်အကြံပြုပေးထားတာက စနစ်အတိုင်းလိုက်နာဖို့နဲ့ စာလေ့လာတာနဲ့ အပျော်ရှာတာတွေကြားမှာ ဟန်ချက်ညီအောင်ထားဖို့ဆိုတာပါပဲ။

Ref: 15-year-old to graduate with a high school diploma and college degree in same week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top