ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နယူးယောက်လမ်းမထက်က အမှိုက်ပုံးတွေမှာ ပန်းအလှဆင်ထား

4-6-2020-yyl-015.jpg

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ Quarantine ခံယူနေရတဲ့လူတွေကို ဂုဏ်ပြုအားပေးနေတဲ့ သူတွေထဲမှာ ဒီပန်းအလှဆင်ဒီဇိုင်နာအမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ လူးဝစ် မေလ်လာဆိုတဲ့ ပန်းအလှဆင်ဒီဇိုင်နာအမျိုးသားက နယူးယောက်မြို့လမ်းမထက်မှာရှိတဲ့ အမှိုက်ပုံတွေကို လှပတဲ့ပန်းပွင့်လေးတွေနဲ့ အလှဆင်ပြောင်းလဲခြင်းဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဂုဏ်ပြုပေးခဲ့တာပါ။ သူက ပန်းအလှဆင်တဲ့နေရာမှာ အရမ်းထူးခြားတဲ့အတွက် နာမည်ကြီးပါတယ်။ နယူးယောက်လမ်းမကြီး ပန်းတွေပွင့်နေစေဖို့ သူ့ရဲ့အရည်အချင်းနဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုခဲ့တာပါ။

လူးဝစ်က အခုလိုပန်းအလှဆင်ရတာက နယူးယောက်မြို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေက ကပ်ရောဂါအတွင်း လိုအပ်နေတဲ့သူတွေကို ဆက်လက်ဂရုစိုက်ပေးနေရလို့ပါတဲ့။

ဒီပန်းအလှဆင်တာကို 22 Wooster Street မှာ အရုဏ်မတက်ခင် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို တစ်ယောက်တည်းလုပ်ဆောင်ခဲ့ရပါတယ်။ ဒီလောကကြီးမှာ စစ်မှန်တဲ့အကြင်နာတရားတွေရှိတယ်ဆိုတာ အသိပေးနေတဲ့၊ မျှော်လင့်ချက်တွေပေးနေတဲ့ နယူးယောက်ကျန်းမာဝန်ထမ်းတွေကို ရည်ညွှန်းပြီး ပန်းအလှဆင်ထားတာပါ။

အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပန်းအလှဆင်မှုက COVID-19 ကို ရှေ့တန်းက တွန်လှန်းပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းဟီးရိုးတွေကို ရည်ညွှန်းထားတာပါ။

လူးဝစ်က ခက်ခဲတဲ့နေ့ရက်တွေရှိနေပေမယ့် ပန်းတွေကတော့ အမြဲတမ်းပွင့်လန်းနေပြီး ပျော်ရွှင်မှု၊ မျှော်လင့်ချက်၊ အလှတရားတွေကို အမြဲတမ်း သတိပေးနေမှာပါလို့ ဆိုပါတယ်။

ချယ်ရီပန်းတွေက နယူးယောက်မြို့မှာ ပွင့်လန်းနေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက နေ့တိုင်း လူတွေရဲ့အသက်ကို ကယ်တင်နေပြီး အလုပ်သမားတွေကလည်း မြို့ကြီး ရှေ့ဆက်သွားနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့် လူးဝစ်က ချယ်ရီပန်းပွင့်လန်းနေတဲ့ ပန်းအလှဆင်မှုကို ဖန်တီးပေးခဲ့တာပါ။ ဒါမှသူတို့ အလုပ်ကို သွားတဲ့လမ်းမှာ မြင်တွေ့ရနိုင်မှာပါ။

ပန်းတွေအားလုံးအလှဆင်ဖို့ဆိုတာ တော်တော်အလုပ်များသလို အချိန်လည်းယူရပါတယ်။ ပန်းအလှဆင်မှုတွေထဲက တစ်ခုဟာ အမေများနေ့က လုပ်ခဲ့တာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေထဲက မိခင်တွေကို ရည်ညွှန်းထားတာပါ။ အခြားပန်းအလှဆင်ထားတာတွေကတော့ ဖျားနာနေတဲ့သူတွေကို ဂရုစိုက်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ လူးဝစ်ကတော့ နယူးယောက်လမ်းမထက်က အမှိုက်ပုံးတွေကို လှပတဲ့ပန်းပင်တွေအဖြစ် အလှဆင်ထားတဲ့ တကယ်ကို လက်ရာမြောက်လှပါတယ်။

Ref: Beautiful Flower Installations For Healthcare Workers On The Streets Of New York by Lewis Miller

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top