(၉) ပတ်ကြာခွဲနေခဲ့ရပြီးနောက် သမီးလေး (၂) နှစ်ဦးနဲ့ ပြန်ဆုံစည်းခဲ့ရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း

4-6-2020-yyl-011.jpg

COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းဟာ သမီးလေး (၂) ဦးနဲ့ (၉) ပတ်ကြာအောင် ခွဲနေခဲ့ရပြီးတဲ့နောက်မှာ ပြန်ဆုံစည်းခွင့်ရတဲ့အခိုက်အတန့်လေးက လူတော်တော်များများကို ဝမ်းသာပီတိဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ အသက် (၄၃) နှစ်အရွယ် ဆူဆန်နီ ဗန်ဂန်ဆိုတဲ့ သူနာပြုအမျိုးသမီးဟာ COVID-19 ကာလအတွင်း အထူးကြပ်မတ်ကုသခန်းမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် သူ့သမီးလေး (၂) ဦးနဲ့ ခွဲနေဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ အဲဒီလို (၂) လကြာ ခွဲနေပြီးနောက်မှာ ကလေးတွေနဲ့ ပြန်ဆုံစည်းခွင့်ရခဲ့ပါပြီ။

ဆူဆန်က သူ့ညီမနဲ့ နေထိုင်နေတဲ့ သမီးလေး ဘဲလာနဲ့ ဟတ်တီတို့ကို မေလ ၃၁ ရက်နေ့က အံ့အားသင့်အောင်လုပ်ခဲ့တာပါ။ ကလေး (၂) ယောက်က သူ့မိခင် ပြန်ရောက်လာပြီး အံ့အားသင့်အောင်လုပ်မယ်လို့ မသိခဲ့တဲ့အတွက် သူတို့ရဲ့မိခင်ကို မြင်လိုက်တဲ့အချိန်မှာ မျက်ရည်တောင်ကျခဲ့ကြရပါတယ်။ “ကျွန်မက ဆေးရုံမှာ နေပြီး နေ့တိုင်း ဗိုင်းရပ်စ်နဲ့ ထိတွေ့နေရတာကြောင့် သူတို့ကိုဘေးကင်းစေချင်ခဲ့တဲ့အတွက် သမီးလေးတို့ကို ညီမရဲ့အိမ်မှာ သွားထားခဲ့ပါတယ်။ ကျွန်မက အလုပ်ကိုပိုပြီးလုပ်ချင်ခဲ့ပြီး ကလေးတွေကို အချိန်လည်းမပေးနိုင်ခဲ့ပါဘူး။ ကျွန်မအတွက် ဆုံးဖြတ်ချက်ချရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ လုပ်ဖို့လိုအပ်ခဲ့တဲ့အတွက် စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်။ သမီးလေးတွေကို ဘယ်တော့မှာ ပြန်တွေ့ရမလဲဆိုတာ မသိတဲ့အတွက် သူတို့ကို ထားခဲ့ရတာ အရမ်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ (၉) ပတ်ကြာလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိပါဘူး။ ဒါပေမဲ့ လူတော်တော်များများလည်း ဗိုင်းရပ်စ်ကို တွန်းလှန်ပြီး လူတွေကို ကူညီချင်တဲ့အတွက် စွန့်လွှတ်အနစ်နာခံကြပါတယ်။ ကျွန်မလုပ်ခဲ့သလိုပါပဲ။ ကျွန်မ လူတွေကို ကူညီချင်တဲ့အတွက် သူနာပြုအလုပ်ကို လုပ်နေခဲ့တဲ့ နှစ် (၂၀) ကျော်ပါပြီ။ (၉)ပတ်ကြာအောင် ကလေးတွေကို ခွဲနေရတာ ပထမဆုံးပါပဲ”လို့ ဆူဆန်က ပြောပါတယ်။

Queen Elizabeth Hospital မှာလုပ်နေတဲ့ ဆူဆန်က ကပ်ရောဂါကြောင့် သူ့အလုပ်ချိန်ကို (၂) ဆတိုးလုပ်ချင်ခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် ဆူဆန်ကတစ်ပတ်ကို (၂၈)နာရီလုပ်ရပေမမယ့် ဗိုင်းရပ်စ်ကို တွန်းလှန်တဲ့နေရာမှာ ကူညီပေးဖို့အတွက် တစ်ပတ်ကို နာရီ (၅၀) ကျော် လုပ်ဖို့အတွက် တောင်းဆိုခဲ့တာပါ။ COVID A&E ဌာနကို မပြောင်းခင်မှာ ဆူဆန်က တစ်နေ့ကို (၁၂) နာရီ အလုပ်လုပ်ပြီး အထူးကြပ်မတ်ခန်းမှာ (၃) ပတ်တာ အလုပ်လုပ်ခဲ့ရပါတယ်။ သူ့သမီးတွေကို နေ့တိုင်းလိုင်းပေါ်ကနေ စကားပြောပြီး မနက်တိုင်း Good Morning စာသားကို ပို့ခိုင်းခဲ့ပြီး သူအလုပ်ကပင်ပန်းလာရင်း သူတို့ကို တွေ့ချင်ခဲ့တယ်လို့ ဆူဆန်က ပြောပါတယ်။

ဆူဆန်က (၉) ပတ်ကြာအောင် အလုပ်ကြိုးစားလုပ်ကိုင်ပြီးတဲ့နောက်မှာ သူ့သမီးလေးတွေကို တွေ့ဖို့လိုလာပြီးလို့ဆိုတာကို ခံစားမိခဲ့တာပါ။ “ကျွန်မရဲ့သူဌေးကို အရင်တိုင်း အလုပ်ချိန်ကို ပြန်လျော့ချပေးဖို့ ပြောခဲ့ပါတယ်။ သူက နားလည်ပေးပြီး ပံ့ပိုးပေးခဲ့ပါတယ်”လို့ ပြောပါတယ်။ ဆူဆန်က သမီးလေးတွေကို အံ့အားသင့်အောင်မလုပ်ခင် တစ်ပတ်လောက်ကတည်းက ကလေးတွေကို အိမ်ပြန်ခေါ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ခုခုပြောင်းလဲသွားရင် စိတ်ပျက်မသွားချင်တဲ့အတွက် လျှို့ဝှက်ချက်အနေနဲ့ထားခဲ့ပါတယ်။ “တစ်ခုခုဖြစ်မလာရင် စိတ်ပျက်မသွားချင်တာကြောင့် သူတို့ကို လျှို့ဝှက်ထားခဲ့ပါတယ်။ ဒါပေမဲ့ သမီးလေးတွေရဲ့ပြန်တုံ့ပြန်တဲ့အပြုအမူတွေကို မြင်တော့ လုပ်ရကျိုးနပ်ခဲ့ပါတယ်။ ကျွန်မ သူတို့ကို သွားခွင့်မပြုချင်ခဲ့ပါဘူး။ သူတို့ငိုတာမြင်တဲ့အခါမှာ ကျွန်မ့နှလုံးသားမှာ ခံစားခဲ့ရပါတယ်” လို့ဆူဆန်က ပြောပါတယ်။

ဆူဆန်ရဲ့သမီးကြီးလေး ဘဲလာကလည်း “ကျန်းမာရေးဝန်ထမ်းတွေက ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားနေတဲ့ လူတွေလို့ ထင်ပါတယ်။ မာမီက ဒါကို လုပ်နိုင်ခဲ့တယ်။ လူတွေကို ကယ်ဖို့ အဝေးကိုသွားခဲ့တယ်။ မာမီက သမီးရဲ့ဟီးရိုးပါပဲ”တဲ့။

Ref: Touching Moment Nurse Is Reunited With Her Children After Being Apart For Nine Weeks

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top