ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အိန္ဒိယပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့် ပြု

11-4-2021yyl1.jpg

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အိန္ဒိယ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့် ပြုလိုက်ပါပြီ။ Covaxin လို့ အမည်ရတဲ့ ကာကွယ်ဆေးကို အိန္ဒိယ ဆေးဝါးကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တာပါ။ အရေးပေါ်သုံးစွဲခွင့်ပေးလိုက်လို့ ဒီကာကွယ်ဆေးကို ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ထိုးနှံခွင့်ရတော့မှာပါ။

Covaxin ကာကွယ်ဆေးက ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ WHO ရဲ့ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး ဆိုးကျိုးထက် ကောင်းကျိုးပိုများတဲ့အတွက် အခုလို ခွင့်ပြုပေးလိုက်တာလို့ နည်းစနစ်ဆိုင်ရာအကြံပေးအဖွဲ့က ပြောပါတယ်။

Covaxin ကာကွယ်ဆေးကို သီတင်းပတ် ၄ ပတ်ကြားကာလအတွင်း (၂)ကြိမ် ထိုးနှံရမှာဖြစ်ပြီး အသက် ၁၈ နှစ်အထက် အရွယ်ရှိသူတွေ ထိုးနှံနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ နောက်ဆုံးအဆင့် စမ်းသပ်မှု မပြီးမြောက်ခင် ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက Covaxin ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့် ပြုခဲ့တာဖြစ်ပြီး ရောဂါပြင်းပြင်းထန်ထန် မခံစားရအောင် ၇၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

Ref: CNN ” Indian home-grown Covid-19 shot wins WHO emergency use approval”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top