ရှင်ဖာဒီဈေးမှာ ရောဂါကူးစက်မှု ဖြစ်ပွားခဲ့တာကြောင့် ဘေကျင်းမြို့မှာ ရောဂါပိုး ထပ်မံကူးစက်ခံရသူများလာ

16-6-2020-yyl-012.jpg

တရုတ်နိုင်ငံရဲ့မြို့တော်ဘေကျင်းမြို့တောင်ဘက်မှာ တည်ရှိတဲ့ လက်ကားဈေးမှာ ရောဂါကူးစက်ခံရသူ တွေ့ရှိပြီးတဲ့နောက်မှာ ပေကျင်းမြို့ရဲ့ အာဏာပိုင်တွေက COVID-19 ကူးစက်ခံရသူ အသစ်ထပ်မတွေ့ရှိအောင် ဆောင်ရွက်နေကြရပါတယ်။ အဲဒီဈေးမှာ ရောဂါကူးစက်ခံရသူ တွေ့ရှိတာကြောင့် ဘေကျင်းမြို့မှာလည်း ပြည်တွင်းကူးစက်ခံရသူအရေအတွက် များလာခဲ့တယ်လို့သိရပါတယ်။ ဘေကျင်းမြို့ရဲ့ ကျန်းမာရေး အာဏာပိုင်တွေက ရောဂါပိုးတွေ့ရှိသူ (၂၇) ဦးရှိတယ်လို့ တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဘေကျင်းမြို့မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း (၁၀၆) ဦးရှိနေပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရပ်စ်ထပ်မံဖြစ်ပွားတာကို အာဏာပိုင်တွေက ရပ်တန့်ဖို့အတွက် စီမံချက်တွေ လုပ်ဆောင်နေကြရပါတယ်။

ရောဂါပိုးထပ်တွေ့ရှိခဲ့တဲ့ ရှင်ဖာဒီဈေးက အာရှမှာ အကြီးဆုံးအစားအသောက်ရောင်းချတဲ့ ဈေးလို့ပြောလို့ရပြီး အဲဒီဈေးက တရုတ်နိုင်ငံအတွင်းနဲ့ နိုင်ငံရပ်ခြားက စားသောက်ကုန်တွေ (၈၀) ရာခိုင်နှုန်းကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ဘေကျင်းအာဏာပိုင်တွေက အဲဒီဈေးကို ပိတ်ပစ်လိုက်တဲ့အပြင် ရှင်ဖာဒီဈေးတစ်ဝိုက် က လူနေရပ်ကွက်တွေကိုလည်း Lockdown ချထားပြီး အဲဒီမှာ နေထိုင်တဲ့လူထောင်ပေါင်းများစွာကို ရောဂါပိုးစစ်ဆေး စမ်းသပ်ပေးနေပါတယ်။ မကြာသေးခင်ကမှ အဲဒီဈေးကို သွားရောက်ခဲ့တဲ့ လူတွေကို သိရဖို့အတွက် လုပ်ဆောင်နေကြပြီး ကျောင်းတချို့ပြန်ဖွင့်ဖို့ကိုလည်း ဆိုင်းငံထားရပါတယ်။

ဈေးတည်ရှိတဲ့ ဖန်ထိုင်ခရိုင်ရဲ့တာဝန်ရှိသူက အခုဆိုရင် လူနေရပ်ကွက် (၁၁) ခုကို လုံးဝပိတ်ထားရတယ်လို့ စနေနေ့က ပြောကြားထားပါတယ်။ တနင်္လာနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပေကျင်းမြိုအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကပ်ရောဂါပျံ့နှံ့နိုင်ချေက အရမ်းမြင့်မားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ တိကျပြတ်သားတဲ့ စီမံချက်တွေလုပ်ဆောင်သင့်တယ်” လို့ပြောပါတယ်။ ဘေကျင်းမြို့မှာ လွန်ခဲ့တဲ့ (၄) ရက်တုန်းက ကူးစက်ခံရသူ (၇၉) ဦးသာရှိခဲ့ပြီး တနင်္လာနေ့မှာတော့ (၂၇) ဦးတိုးလာခဲ့တယ်လို့ သိရပါတယ်။

တရုတ်အာဏာပိုင်တွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ရောဂါထပ်မံဖြစ်ပွားမှုနဲ့ ဘယ်နေရာကနေ ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့ သတင်းပို့ထားပါတယ်။ အစိုးရဘက်က ကူးစက်ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာပညာရှင်ဖြစ်သူ Yang Peng ကတော့ “ကျွန်တော်တို့ ပဏာမအကဲဖြတ်တာကတော့ နိုင်ငံရပ်ခြားက လာတဲ့ဗိုင်းရပ်စ်ပါပဲ။ ဘယ်လိုရလဲတယ်ဆိုတာကို ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ညစ်ညမ်းတဲ့ပင်လယ်စာ၊ အသားတွေကနေ (ဒါမှဟုတ်) ဈေးအတွင်းက လူတွေရဲ့ မစင်ကနေ ပျံ့နှံ့တာဖြစ်နိုင်ပါတယ်”လို့ ဆိုပါတယ်။

Ref: Beijing reports new local coronavirus cases as testing at Xinfadi wholesale market continues

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top