အာကာသထဲမှာအုန်းပင်စိုက်ပျိုးဖို့ အာကာသစခန်းကို မျိုးစေ့တွေပို့ဆောင်

67318480_2510394782324760_2871384185124159488_n.jpg

အာကာသထဲမှာ အုန်းပင်စိုက်ဖို့ကြိုးစားနေတဲ့ ယူအေအီးနိုင်ငံဟာ Falcon 9 ဒုံးပျံနဲ့အတူ နိုင်ငံတကာအာကာသစခန်း (ISS) ကို မျိုးစေ့တွေပို့ဆောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး အတွက်ကြိုးပမ်းနေတဲ့ ယူအေအီးနိုင်ငံဟာ Palm in Space (အာကာသထဲက အုန်းပင်) လို့ အမည်ပေးထားတဲ့စီမံကိန်းအရ အာကာသ ထဲမှာ အုန်းပင်စိုက်ဖို့ကြိုးပမ်းနေတာပါ။ စက်တင်ဘာလ (၂၅) ရက်နေ့မှာ ယူအေအီးစော်ဘွား အယ်မန်ဆူရီက နိုင်ငံတကာအာကာသစခန်းကိုသွားရောက်မှာဖြစ်ပြီး အဲဒီခရီးစဉ်မတိုင်ခင် အုန်းပင်မျိုးစေ့တွေကို ISS ထံ ပို့ဆောင်ခဲ့တာပါ။

ယူအေအီးစော်ဘွား အယ်မန်ဆူရီဟာ အာကာသထဲရောက်ဖူးတဲ့ ပထမဆုံးစော်ဘွားဖြစ်လာမှာပါ။ အာကာသထဲမှာ စိုက်ပျိုးရေးဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်လာစေဖို့ရည်ရွယ်ပြီး အခုလို စမ်းသပ်မှုလုပ်ဖို့စီစဉ်နေတာပါ။ အာကာသထဲရောက်သွားတဲ့မျိုးစေ့နဲ့ ကမ္ဘာမြေပေါ်ကမျိုးစေ့ကြား ကွဲပြားခြားနားမှုကိုလေ့လာဖို့ ယူအေအီးနိုင်ငံ၊ အစားအစာနဲ့ စိုက်ပျိုးရေးကောလိပ်မှာ ပြိုင်တူစမ်းသပ်မှုတစ်ရပ် လုပ်ဖို့ရှိပါတယ်။ နောက်ပိုင်းကျရင် ISS ထံတင်ပို့ခဲ့တဲ့ အုန်းပင်မျိုးစေ့တွေပြန်ယူလာပြီး ကမ္ဘာမြေပေါ်မှာ အပင်စိုက်ရင်း နောက်ထပ်လေ့လာမှုတွေပြုလုပ်မှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top